ကလေးတွေကို performance ကောင်းလာအောင်
ဘယ်လို လေးကျင့် သင်ကြားပေးရမလဲ
(ဓမ္မအမေးအဖြေ)
- အတန်းထဲမှာ စာပြတဲ့ ဆရာဆရာမတစ်ယောက်အနေနဲ့ ကလေးတစ်ယောက်က destructive behaviour ရှိတယ် သူများကို အနှောင့်အယှက်ပေးတယ်ဆိုရင် ဘုန်းဘုန်းတို့က စည်းကမ်းကိုပဲ ချက်ချင်း သတိရတယ်။ ဒီကလေးကို ဆုံးမမယ် ဒီလိုမလုပ်ရဘူး။
- နားမထောင်သေးဘူးဆိုရင် ရှေးတုန်းကဆို ရိုက်ချင်ရိုက်မယ်၊ မရိုက်ရင်လည်း သူ့ကို ကျောင်းကနေ တစ်ရက်ထုတ်ရင်ထုတ်မယ် နှစ်ရက်ထုတ်ရင်ထုတ်မယ် exclusion policy ဆိုတာ အင်္ဂလန်မှာ သူတို့ အကြိမ်ကြိမ်လုပ်ရတယ်။ အများကြီးသုံးတယ်။
- အဲ exclusion policy က တချို့သုံးရက် တချို့ငါးရက် ခဏခဏ ထိတာတဲ့ ကလေးတွေက ဒါပေမဲ့ အဲပြဿနာ သူ မဖြေရှင်းနိုင်ဘူး။ အခု neuroplasticity ရှုထောင့်ကနေ ကြည့်တယ်ဆိုတာ အဲလိုလုပ်တဲ့ကလေး သူများကို destructive လုပ်တဲ့ကလေးက သူဦးနှောက်က ဘယ်လိုဖြစ်နေတုန်း?
- အဲဒါကို အခုကျတော့ အခုတရားထို်င်တဲ့ ပုဂ္ဂိုလ်တွေကို ကြည့်ပြီးတော့ မထို်င်တဲ့ ပုဂ္ဂိုလ်တွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါမှာ သူတို့ကမြင်ရတယ်။ မြင်တဲ့အခါကျတော့ အဲဒီ ဦးနှောက်က ဘယ် emotion နဲ့ ဆက်စပ်နေတုန်း? အဲ emotion ကို ပြောင်းရမယ်။
- ဒီကလေးက အိမ်မှာ သူ appreciate အလုပ်မခံရဘူးဆိုရင်ပေါ့ သူမိဘတွေက သူဘာပဲလုပ်လုပ် အဖေက stress management မကောင်းတဲ့လူဆိုတော့ သူ့ကို တခါမှ ကောင်းတယ် မပြောဘူး။ Appreciate မလုပ်ဘူး။ မကောင်းတဲ့ဟာကျမှ ပိတ်ပြီးတော့ ပြောတယ်ဆိုရင် appreciate မလုပ်တဲ့အခါကျတော့ ဒီကလေး သူရဲ့ စိတ်ထဲမှာ နွေးထွေးမှု မရှိဘူး။
- နွေးထွေးမှု မရှိတဲ့ကလေးက သူက attention အမြဲတမ်းလိုတယ်။ အဲဒါကြောင့် သူက destructive လုပ်တဲ့အခါမှာ တခြား ကလေးတွေကို destructive လုပ်တယ်လို့ မမြင်ဘူး။ သူ့ကို ဘာကြောင့် attention မပေးတာတုန်း သူက ကြေကွဲနေတာ။ ဒီရှု့ထောင့်ကနေ ကြည့်တယ်ဆိုရင် ဒီကလေးကို ကိုယ်သနားတယ်။
- သနားတဲ့အခါကျတော့ ဆရာမက ဒီကလေးနဲ့ ရင်ဆိုင်တဲ့အခါမှာ ကိုယ်က နံပါတ်(၁) ဒေါသမဖြစ်ဘူး။ ကိုယ်ရဲ့အမြင်က ဘာတုန်းဆိုတော့ ဒီကလေး ဒုက္ခရောက်နေလို့။ တခြားကလေးတွေလည်း ဒုက္ခရောက်နေလို့ သူ့ကြောင့် သူ့ဒုက္ခ တခြားကလေးတွေဆီ ရောက်သွားတယ်။
- အဲဒီ compassion က motivation ဖြစ်လာတယ်။ အဲဒါနဲ့ အဲဒီကလေးကို ဆရာမက ငေါက်မဲ့အစား ကျောင်းဆင်းတဲ့အခါမှာ သူနဲ့ တွေ့ရင်တွေ့မယ် နောက်ပိုင်း သူ့မိဘတွေနဲ့ တွေ့ရင်တွေ့မယ် အဲဒီလိုလုပ်တယ်ဆိုရင် ဒါ ဆရာမဆရာမတွေ လုပ်ဖို့အတွက် အချိန်ရှိချင်မှ ရှိမယ် တချို့နေရာမှာကျတော့ psychotherapist တွေက လုပ်တာပေါ့၊ child psychologist တွေ က လုပ်တာပေါ့။
- အတန်းကျောင်းတွေမှာ ထားတဲ့ child psychologist တွေ သူတို့ရဲ့ အခန်းကဏ္ဍလို့ တချို့နေရာမှာတော့ ပြောတယ်။ ဘုန်းဘုန်း ထင်တာကတော့ ဆရာဆရာမတွေ လုပ်နိုင်တယ်ဆိုရင်တော့ ကောင်းတယ်။ အဲဒီ sign တွေကို ဆရာဆရာမတွေက pickup လုပ်နိုင်ရင်ပေါ့ destrucitve ဖြစ်တဲ့နေရာ။
- Neuroplasticity ဆိုတာက အဲဒီကလေး သူ့ဦးနှောက်က #မှားတဲ့နေရာမှာသွားပြီး active ဖြစ်နေတာ။ မှန်တဲ့နေရာမှာ active ဖြစ်အောင် ဘယ်လိုပြောင်းရမှာတုန်း? ဒီလိုပြောင်းလဲနိုင်တယ်ဆိုတာ neuroplasticity လို့ ခေါ်တာ။ သူက plastic လိုပဲ ပြုပြင်ပြောင်းလဲနို်င်တယ်ပေါ့။
- အဲဒါကြောင့် အဲဒီ ကလေးကို ဥပမာ မနက်ဖြန် စာအုပ်လေးယူခဲ့နော် ဘယ်စာအုပ်လေးယူခဲ့။ အဲဒါ စာအုပ်လေးယူလာပြီဆိုရင် သူ့တစ်ယောက်တည်းကို ခေါ်ပြီးတော့ အတန်းပြီးတဲ့အခါဖြစ်ဖြစ် အတန်းမစခင်လေးမှာဖြစ်ဖြစ် အော် စာအုပ်လေးပါတယ် တော်လိုက်တာ။
- သူ့ကို attention ပေးလိုက်ရင် ဒီကလေး ကောင်းသွားမယ်။ ဖြေးဖြေးချင်းကောင်းသွားမယ် ဘာဖြစ်လို့တုန်းဆို သူ့ကို attention ပေးတာကိုး။ ဒါ compassionate attention ဖြစ်သွားတယ်။ အဲတော့ သူ့ကို ဆူမယ့်အစား ဒီလို positive emotion ကို သွားပြီး emphasize လုပ်လိုက်တာ။
- Negative reinforcement လုပ်မယ့်အစား positive reinforcement ကိုရွေးလိုက်တာ။ အဲဒီလို လုပ်တယ်ဆိုရင်တဲ့ ကလေးတွေက attention span ပိုကောင်းလာတယ်။ တစ်ယောက်နဲ့တစ်ယောက် destruct လုပ်တာ ပိုနည်းလာတယ်။
- ခုဏတုန်းက လူမဲကျောင်းသူလေးတစ်ယောက်ပြောတာ သူ mindfulness သတိပဌာန်တရားထိုင်တဲ့အခါကျမှ သူ တွေ့လာတယ်တဲ့။ “ကြည့်စမ်းပါအုန်း လူတွေက အော်ဟစ် ပြောဆိုနေကြတာပဲ။” I have been doing that for so long. ငါကလည်း အဲဒါမျိုးတွေ အများကြီးလုပ်ခဲ့တယ်။ အဲတုန်းကတော့ သူ့ကိုယ်သူ လုပ်နေတာ သူမသိဘူး။
- အခုကျတော့ mindfulness နဲနဲလုပ်တာနဲ့ သူသိလာတယ်။ သိလာတဲ့ အခါကျတော့ သူ့မှာ destruction တွေ နည်းတယ်။ Destruction နောက်ကို ပါသွားတဲ့ သူများကို သွားပြီး destruct လုပ်တယ်ဆိုတာ ဒီကလေးက အတွင်းမှာ ပူလောင်နေတာကိုး။
- အခုကျတာ့ အဲပူလောင်တဲ့ဟာကို သူ့တို့ကိုယ်သူတို့ ပြန်ပြီးတော့ regulate လုပ်နိုင်တဲ့ အနေအထားမျိုး အဲဒီ instructment ကို ပေးလိုက်တာ။
- နောက်အဖြူကောင်လေး ကလေးတစ်ယောက်က ပြောတာ lesson တစ်ခုနဲ့တစ်ခုဆိုရင် ၁၀-မိနစ်လောက်ပဲ ကြားထဲမှာ ရှိတယ်။ အဲဒါ နားဖို့အတွက် ဆိုပြီးတော့ အိပ်လို့ မရဘူး။ အချိန်က ၁၀-မိနစ်ပဲရတယ်။
- အဲဒါကြောင့် ဒီ stress တွေကို အရင်အတန်းမှာ ဖြစ်ပေါ်တဲ့ stress တွေကို နောက်အတန်းထဲ ပါမသွားအောင် ၀င်လေထွက်လေ နဲနဲလေး ကြည့်လိုက်တယ်ဆိုရင်တဲ့ နောက် class အတွက် ready ဖြစ်တယ်တဲ့။ အဲဒါနဲ့ သူတို့ performance ကောင်းသွားတာ။
ပါမောက္ခ ဒေါက်တာဓမ္မသာမိ
“အိုင်ကျူပညာရေးနှင့် ဗုဒ္ဓ၏ စိတ်ပိုင်းဆိုင်ရာ ပညာရပ် IQ Education and The Buddha’s Education Psychology (၆.၇.၂၀၁၉) (စစ်ကိုင်းပညာရေးတက္ကသိုလ်)” တရားတော် အမေးအဖြေကဏ္ဍမှ

No comments:
Post a Comment