Buddhism & Religion
မင်းတို့ကို ဘယ်ဘာသာ ကိုးကွယ်လဲမေးရင်
ဗုဒ္ဓဘာသာကို ကိုးကွယ်တယ်လို့ ပြောမှာပဲ မဟုတ်လား။
What is your religion? လို့မေးရင် မင်းတို့ We are Buddhism,we worship the teaching of Buddha လို့ ဒီလိုပြောလိမ့်မယ်။ အဲဒီတော့ Buddhism ဆိုတာ ဘာလဲလို့ မေးရင် ဘယ်လို ပြောမလဲ။ အဲဒါ ခက်တယ်။ ခရစ်ယာန်တွေလဲ ဒီအတိုင်းပဲ ခရစ်ယာန်ရဲ့အဓိပ္ပါယ်လေးပြော ဘာလဲ?။ အစ္စလာမ်လဲ ဒီအတိုင်းပဲ၊ ဟိန္ဒူလဲဒီအတိုင်းပဲ၊ ဂျူးလဲ ဒီအတိုင်းပဲ။ ဒီကနေ့လူတွေ အများစု အထူးသဖြင့်တော့ လူငယ်တွေ ဘာဖြစ်လာကြသလဲလို့ဆိုတော့ ကိုယ် ကိုးကွယ်တဲ့ ဘာသာတရားရဲ့ အနှစ်သာရကျတဲ့ မူရင်း အဓိပ္ပါယ်ကို ထိထိရောက်ရောက် မသိကြဘူး။
အဲဒါကို အင်္ဂလိပ်လို ပြောရင် ``Today new generations don't understand the meaning of their respective religion.´´ ဟုတ်လား မဟုတ်လား မင်းတို့ ၀န်ခံကြ။အဲဒီတော့ ဒီလိုတွေ ဖြစ်နေတာ ဒီနေ့ခေတ်ကမ္ဘာကနော်။ အဲတော့ ကိုးကွယ်ခြင်း၊ယုံကြည်ခြင်း၊ ဆည်းကပ်ခြင်း ဆုတောင်းခြင်း။ Believe, worship and prayer ။ Believe ဆိုတာ ဘာလဲဆိုတော့ ယုံကြည်တာ ၊ယုံကြည်ပုံအမျိုးမျိုးရှိတယ်။ Worship ဆိုတာ ကိုးကွယ်တာ ၊ ကိုးကွယ်ပုံအမျိုးမျိုးရှိတယ်။ Prayer ဆုတောင်းတာ ဆုတောင်းပုံနည်းစနစ်တွေ အမျိုးမျိုးရှိလိမ့်မယ်။
မင်းတို့ တတွေလဲ ဤကောင်းမှုကြောင့် ဘာရရပါလို၏ ဘာဖြစ်ရပါလို၏လို့ တောင်းမှာပဲမလား။ဗုဒ္ဓဘာသာ၀င်တို့ရဲ့ ဆုတောင်းဆိုတာ ကိုယ်လုပ်တဲ့ကောင်းမှု ၊ကိုယ့်အားထုတ်မှုကို အခြေခံပြီးတော့ ကိုယ့်ရဲ့ Destination ပန်းတိုင်တစ်ခုကို ချမှတ်လိုက်တာ။ ပေးဖို့ လက်ခံတောင်းတဲ့ သူတောင်းစားတောင်းတဲ့ ဆုတောင်းမဟုတ်ဘူး ။ဘယ်ကမှ လာပေးမှာလဲ မဟုတ်ဘူး လုပ်တဲ့ အလုပ်ပေါ်မူတည်းပြီး လုပ်တဲ့အတိုင်းပဲ ရမှာပဲ မဟုတ်လား။ ငရုတ်စေ့စိုက်ရင်တော့ ငရုတ်သီးစားရမှာပဲ။အေး စပျစ်စေ့စိုက်ပြီးကာမှ ငရုတ်သီးတော့ ဆုမတောင်းနဲ့လေ။ကိုယ်စိုက်တဲ့ မျိုးစေ့အတိုင်း အသီးသီးလာမှာပဲ။ဒါဟာ Buddhist ရဲ့ concept ပဲ။Religion က အဲလိုတော့ မဟုတ်ဘူး ။တစ်သက်လုံးလုပ်ချင်တာတွေ အကုန်လုပ်ပြီး နောက်ဆုံး လုပ်မိပါပြီလို့ ၀န်ခံပြီး ခွင့်လွှတ်တော်မူပါ ကယ်တင်တော်မူပါဆိုတာ ဘာသာရေး။ Buddhism မှာ အဲလိုမရှိဘူး ။ကိုယ်စိုက်ထားတဲ့ အသီးအတိုင်းပဲ ကိုယ့်မှာသီးရမယ်။အဲတော့
၁။ယုံကြည်ခြင်း
၂။ကိုးကွယ်ခြင်း
၃။ဆုတောင်ခြင်း
အဲဒီသုံးခုစလုံးနဲ့ ထည့်ပြီးတန်ဆာဆင်ထားတဲ့ ဘာသာတရားကို Religion လို့ခေါ်တယ်။
ဗုဒ္ဓရှင်တော်ရဲ့အဆုံးအမကတော့ ဒီလိုမဟုတ်ဘူး။ကိုယ်လုပ်တဲ့အတိုင်း ကိုယ့်လုပ်ခကို ကိုယ်လုပ်သလောက်ရမယ်။
ဒါပဲမဟုတ်လား။ ကောင်းတာလုပ်ထားရင် ကောင်းတာဖြစ်မယ်။ ဆိုးတာလုပ်ထားရင်လည်း ဒုက္ခတွေ ရလာမှာပဲ။
မျိုးစေ့အားလျော်စွာ သီးတယ်ဆိုတဲ့အတိုင်းပဲ။ Concept ခြင်းမတူဘူး။ အဲဒီတော့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ Buddhism ဆိုတာဘာလဲ။ Religion ဆိုတာဘာလဲ။ ဒီကနေ့ မျက်မှောက်ခေတ်လူအများစုသည် ကိုယ်ကိုးကွယ်ယုံကြည်နေတဲ့ ဘာသာတရားရဲ့အနှစ်သာရနဲ့ ဆိုလိုရင်းကို နားမလည်ကြဘူး။ နားလည်နိုင်စွမ်းမရှိတော့ဘူး။ အပေါ်ယံလောက်မှာပဲ ကျေနပ်နေကြတယ်။
ဗုဒ္ဓဘာသာဆိုတာ ဘာလဲလို့ ဆိုလို့ရှိရင် ဘုရားအဖြစ်နဲ့ ဘယ်နှစ်နှစ်နေသွားသလဲဆိုတာကို အရင် မေးခွန်းထုတ်ချင်တယ်။ ဘယ်နှစ်နှစ် နေသွားလဲ?။ ၄၅ နှစ် ဟုတ်လား။ ၄၅ နှစ်အတွင်းမှာ ဘာတွေ ဟောသွားသလဲလို့ မေးရင် ဘယ်လိုဖြေမလဲ။အဲဒါ အဲဒါ မင်းတို့လိုနေတာ အဲဒါ။ တစ်လုံးတည်းမိအောင်ပြောမယ် ဓမ္မ ကို ဟောသွားတယ်။ဓမ္မဆိုတာ ဘာလဲလို့ ထပ်မေးရင် ဘာပြောမလဲ။တရားတော်လို့ ပြောမှာလား ။ တရားတော်ဆိုတာ ဘာလဲလို့ မေးရင် ဘယ်လို ထပ်ပြောတော့မလဲ။အဲဒီလို အဲဒီလို ဖြစ်နေကြတယ်။ဓမ္မဆိုတာ ဘာလဲလို့မေးရင် သီလ၊သမာဓိ၊ပညာပဲ။ဘာသာရေးမှာ ပါ၀င်နေတာက ယုံကြည်ခြင်း၊ကိုးကွယ်ခြင်းနဲ့ ဆုတောင်းခြင်း။Buddhism မှာ ပါ၀င်နေတာက သီလ၊သမာဓိ၊ပညာပဲ ရပြီနော်။အဲတော့ Buddhism and Religion are very different. သီလ ဆိုတာ Discipline ပဲ။ဘယ်လိုထိန်းမလဲဆိုရင် not to do any evil.မကောင်းမှုမှန်သမျှကို မပြုဘူး။ not to speak any evil.ကိုယ်ကောနှုတ်ကော မကောင်းမှု မပြုမိအောင် ထိန်းတာကို သီလလို့ခေါ်တယ်။
အရေးကြီးတာ ဘာလဲဆိုတော့ မကောင်းမှုနဲ့ ကောင်းမှုကိုသိဖို့တော့အရေးကြီးတယ်။ဒုတိယအနေနဲ့ စိတ်ကို ထိန်းရမယ်။ စိတ်ကို ထိန်းတဲ့ အကျင့်ကို သမာဓိလို့ခေါ်တယ်။စိတ်ကို ဘာနဲ့ထိန်းရမလဲဆိုရင် သတိနဲ့ ထိန်းရမယ်။ သတိနဲ့ ထိန်းလို့ သမာဓိ ၀င်လာပြီဆိုရင် Right Thought အတွေးတွေ မှန်လာလိမ့်မယ်။တတိယအနေနဲ့ အရှိတရားရှာတာ ပညာပဲ။ပညာဆိုတာ ငါဘာလဲဆိုတာ အသေးစိတ်သိရမယ်။အမှန်တရားနဲ့ အရှိတရားကို ခွဲခြားသိရမယ်။ ဒါဟာ Buddhism ပဲ ။
(သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ )

No comments:
Post a Comment