ရန်သူတွေ
❑ ဓားနှင့်လာသော ရန်သူထက်
စကားနှင့်လာသောရန်သူက ပိုကြောက်စရာကောင်းကြောင်း
သတိမူ သင့်၏။
❑ စကားနှင့်လာသော ရန်သူထက်
အကြွားနှင့် ဝင်လာသော ရန်သူက
ပိုကြောက်စရာ ကောင်း၏။
အကြွားနှင့် ဝင်လာသော ရန်သူက
ပိုကြောက်စရာ ကောင်း၏။
❑ အကြွားနှင့်လာသော ရန်သူထက်
အမှားနှင့် ဝင်လာသော ရန်သူက
ပို၍ပို၍ကြောက်စရာကောင်း၏။
အမှားနှင့် ဝင်လာသော ရန်သူက
ပို၍ပို၍ကြောက်စရာကောင်း၏။
❑ ပြင်ပမှလာသော ရန်သူထက်
ကိုယ်တွင်းမှဖြစ်သောရန်သူက
သာ၍ကြောက်စရာကောင်းတော့၏။
ကိုယ်တွင်းမှဖြစ်သောရန်သူက
သာ၍ကြောက်စရာကောင်းတော့၏။
❑ တစ်ဖန်ကိုယ်မှဖြစ်သောရန်သူထက်
စိတ်တွင်းမှဖြစ်ပေါ်လာသော ရန်သူသည်ကား
မကောင်းသော ကြောက်စရာဖြစ်သဖြင့် ကြောက်စရာမကောင်းဆုံးတို့အောက် ကြောက်စရာအဆုံးမကောင်းတို့ချည်းဟူ၍ဆုံးဖြတ်ထားရာ၏။
စိတ်တွင်းမှဖြစ်ပေါ်လာသော ရန်သူသည်ကား
မကောင်းသော ကြောက်စရာဖြစ်သဖြင့် ကြောက်စရာမကောင်းဆုံးတို့အောက် ကြောက်စရာအဆုံးမကောင်းတို့ချည်းဟူ၍ဆုံးဖြတ်ထားရာ၏။
❑ အဘယ်ကြောင့်ဆိုသော် ကိုယ်မှဖြစ်သော ရန်သူသည်ကား အဝေးမှလည်းမြင်နိုင်ရာ၏၊
အနီးသော်မှလည်း မြင်နိုင်ရာ၏။ သို့ကြောင့်ရှောင်၍ တိမ်း၍ အထူးလွယ်ကူလှပြီ။
❑ စိတ်တွင်းမှလာသော ရန်သူသည်ကား မိမိသွားရာအမြဲပါပြီး မမြင်သာလွန်း၍ ရှောင်တိမ်းရကောင်း မှန်းပင်မသိသောကြောင့်တည်း။
မဟာဗောဓိမြိုင်ဆရာတော်
[အညွှန်း။ ။ ၁၉၉၉ ဖေဖော်ဝါရီထုတ်၊ ပဋိဘာနဉာဏနဒဿနကထာ၊ စာ ၂၉]
[အညွှန်း။ ။ ၁၉၉၉ ဖေဖော်ဝါရီထုတ်၊ ပဋိဘာနဉာဏနဒဿနကထာ၊ စာ ၂၉]

No comments:
Post a Comment