Thursday, October 17, 2019

ကြံ့ခိုင်တဲ့ စိတ်ထား

 

ကြံ့ခိုင်တဲ့ စိတ်ထား

လောကဓံကို ရှောင်ကွင်းနိုင်တဲ့လူလည်းမရှိဘူး။ လောကကြီးက ထွက်ပြေး လို့လည်းမရဘူး။
တချို့ကထင်တယ် လောကဓံနဲ့တွေ့လို့ လောကကြီးကထွက်ပြေးရင် လွတ်မြောက်သွားမယ်။အဲဒီအတွေးမျိုး တွေးတဲ့သူက ဘာပြောသလဲဆိုရင် “သေ , အေးတာပဲ” လို့ပြောကြသေးတယ်နော်။ ဘယ်အေးမလဲ ၊ သေတဲ့နောက်မှာ ပိုဆိုးဦးမယ်။
အခုရရှိထားတဲ့ လက်ရှိဘဝလေးက ဘုရားမှန်း , တရားမှန်း , သံဃာမှန်း သိသေးတယ်။ တရားအားထုတ်လို့ရသေးတယ်။ သေသွားပြီးတဲ့နောက် ဘယ်ရောက်မှန်းလည်း မသိဘဲနဲ့၊ ဘယ်လိုလုပ် အေးမလဲနော်၊ မအေးနိုင်ဘူး။ နောက်ဘ၀ပိုပြီးတော့ စိတ်မအေးရသေးတယ်။ ဘာဖြစ်လို့ စိတ်မအေးရ သလဲ?။ Warranty မှမရှိသေးတာပဲ။ ကိုယ့်မှာ Warrantry ရှိနေသေးရင် တော်သေးတာပါနော်။
အေး ဒါကြောင့်မို့လို့ ကိုယ်လုပ်ရမယ့် အလုပ်က ဘာတုန်းဆိုရင် စိတ်ဓာတ်ကြံ့ခိုင်အောင်လုပ်ဖို့ပဲ။

ပါချုပ်ဆရာတော်ကြီး
Crd - အရှင်ခေမိန္ဒ

No comments:

Post a Comment