Thursday, October 17, 2019

ဗုဒ္ဓသာသနာနဲ့ ဝစီပိတ်


ဗုဒ္ဓသာသနာနဲ့ ဝစီပိတ်


မြန်မာပြည်မှာ ဝစီပိတ်ကျင့်တယ်ဆိုတာ ရှိတယ်။ မုသာဝါဒဝစီတော့ မပြောနဲ့ပေါ့။ မုသာဝါဒကိုတော့ ပိတ်ရမှာပဲ။ မှန်တာကို မပြောဘဲနေရင် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးကုန်မှာပေါ့။ တရားစကားတောင် မပြောရဘူး ဖြစ်မှာပေါ့။
ဝစီပိတ်ဆိုတိုင်း မကောင်းဘူး။ မပြောသင့်တဲ့စကား ပြောသင့်တဲ့စကားဆိုတာ မြတ်စွာဘုရားကိုယ်တိုင် ခွဲခြားဟောထားပြီးသားပဲလေ။ အကောင်းရော အဆိုးရော ပိတ်ပစ်ရင် ဘယ့်နှယ့်နေမလဲ။ အပြစ်ရှိတဲ့သူရော အပြစ်မရှိတဲ့သူရော ပိတ်ရင် ကျေနပ်ပါ့မလား။ ကျေနပ်စရာ မကောင်းဘူးလေ။ အပွစျရှိတာသာ ပိတျရမယျ။ အပွစျမရှိတာကို ပိတျရငျ ဘယျသူက ကြနေပျမလဲ။ မကြနေပျဘူးနောျ။
စကားမှာလဲ ထို့အတူပဲ။ ပြောသင့်တဲ့စကားကို ပြောရမယ်။ မပြောသင့်တဲ့စကားကို ပိတ်ရမယ်။ ပြောသင့်တာလည်းမပြောဘူး, မပြောသင့်တာလည်းမပြောဘူး နှစ်ခုစလုံးပိတ်လိုက်လို့ရှိရင်တော့ ကျေနပ်စရာ မကောင်းဘူး။ အဲဒါကို မြတ်စွာဘုရားက မူဂဗ္ဗတ(ဆွံ့အနေတဲ့ပုဂ္ဂိုလ်တွေရဲ့ အကျင့်)လို့ခေါ်တယ်။ အဲဒီ မူဂဗ္ဗတအကျင့်ကိုကျင့်တာ ဗုဒ္ဓသာသနာရဲ့ပြင်ပမှာ ခေတ်စားတယ်။

ပါချုပ်ဆရာတော်ကြီး
Crd- အရှင်ခေမိန္ဒ

No comments:

Post a Comment