Thursday, October 17, 2019

ဓမ္မ၏ ထာဝရအောင်ပွဲ

 

ဓမ္မ၏ ထာဝရအောင်ပွဲ


❑ ပုထုဇဉ်တို့၏ သန္တာန်၌ ကုသိုလ်နှင့် အကုသိုလ်တို့သည် အခွင့်သင့်သလို ဖြစ်ကြလေရာ အကုသိုလ်ဖြစ်ပွားသောအခါ၌ လူသည် တိရစ္ဆာန် သဖွယ်ဖြစ်၏၊ တိရစ္ဆာန်လို ရိုင်းပျ၏၊ အတ္တဆန်၏၊ သည်းမခံ၊ ခွင့်မလွှတ်၊ ထို့ကြောင့် လူသည် မျောက်မှ ဆင်းသက်သည် ဟုဆိုသော အဆိုသည် အကျင့် သိက္ခာရှုထောင့်မှကြည့်လျှင် မှန်၏၊ ကုသိုလ်ဖြစ်ပွားသောအခါ၌မူ လူ သည် ဗြဟ္မာသဖွယ် ဖြစ်၏၊ ဗြဟ္မာ စိတ်ပေါက်ကာ ဗြဟ္မာလို ယဉ်ကျေး ၏၊ အတ္တမဆန်၊ ဗြဟ္မစိုရ်တရားနှင့် အညီ ကျင့်၏၊ သည်းခံ၏၊ ခွင့်လွှတ် ၏၊ ထို့ကြောငျ့ လူသညျ ဗွဟ်မာမှ ဆငျးသကျသညျဟုဆိုသော အဆို သညျ အကငြ့ျသိက်ခာရှုထောငျ့မှ ကွညျ့လြှငျ မှနျ၏။
❑ ရိုင်းခြင်းနှင့် ယဉ်ခြင်းသည် ပုထုဇဉ်လူသားတို့၏ ပင်ကိုစရိုက် ဖြစ်၏၊ သို့ရာတွင် ထိုပင်ကိုသဘာဝစရိုက်ကို သူ့ချည်း လွှတ်ထား၍မဖြစ်၊ သူ့ချည်း လွှတ်ထားလျှင် အရိုင်းစိတ်က ပို၍လွှမ်းသွားပေလိမ့်မည်၊ အဘယ်ကြောင့် ဆိုသော် ဘဝတွင် ပဋိသန္ဓေနေစဉ် ပထမဦး ဆုံးဖြစ်သော စိတ်ကား အရိုင်းလောဘစိတ်သာ ဖြစ်သောကြောင့်တည်း။
❑ အရိုင်း သို့မဟုတ် အကုသိုလ်က အယဉ် သို့မဟုတ် ကုသိုလ်တို့ အပေါ်၌မည်မျှပင် အောင်ပွဲခံစေကာမူ ထိုအောင်ပွဲသည် ထာဝရအောင်ပွဲ မဟုတ်၊ ယာယီအောင်ပွဲသာ ဖြစ်၏၊ ဗုဒ္ဓဒေသနာတော်အရ ထာဝရအောင်ပွဲ ခံနိုင်သောစိတ်ကား ကုသိုလ်စိတ်သာ ဖြစ်၏၊ ကုသိုလ်စိတ်က အကုသိုလ်စိတ် အပေါ် ထာဝရအောင်ပွဲခံခြင်းကို 'အရိယာ' ဖြစ်သွားခြင်းဟု ဆိုရ၏။ ထို့ကြောင့် ဓမ္မနှင့် အဓမ္မတို့တွင် ဓမ္မသည် အကြောင်း မညီညွတ်၍ မည်မျှပင် ရှုံးစေကာမူ နောက်ဆုံး တစ်နေ့၌ ဓမ္မသည် အဓမ္မအပေါ် မလွဲမသွေ ထာဝရအောင်ပွဲကို ရယူနိုင်မည်သာ ဖြစ်၏။

#ဆရာကြီး ဦးရွှေအောင်
၁၉၉၁-စက်တင်ဘာထုတ်
ဓမ္မပဒ-ယမကဝဂ်မှ

No comments:

Post a Comment