မိဘ နှင့် သာသမီး ကြားမှာ ဆက်ဆံရေးတွေ
ပြေလည်ဖို့ ဘာတွေလုပ်ရမလဲ?
(ဓမ္မအမေးအဖြေ)
မိဘတွေအနေနဲ့ Anger Management က အရေးကြီးတယ်။ ဒီ Anger Management ကောင်းရင်ပေါ့နော် ကိုယ်ပြောတဲ့ဆိုတဲ့အခါမှာ #ဒေါသအသံ မပါဘူးဆိုရင်ပေါ့နော် ကိုယ်ပြောတဲ့ဟာ ပိုပြီးတော့ effective ဖြစ်တယ်။ ပြောရမယ့် အကြိမ်လည်း နည်းတယ်။
သူတို့ပြောချင်တဲ့အခါမှာ သူတို့ express လုပ်ချင်တဲ့အခါမှာ လာပြီးတော့ပြောရင် မိဘက ဒေါသမထွက်ဘူးလို့ သူတို့သိရင် သူတို့က ပိုပြီးတော့ ပြောပြတယ်။ ပိုပြီးတော့ နီးစပ်တာပေါ့။ Communication ပိုကောင်းတာပေါ့။
တချက်လောက် ဒေါသထွက်ပြလိုက်တာနဲ့ ဒီ communication channel က နဲနဲလေး ကျဲသွားတယ်။
ဒီလိုပြောရင် မေမေက စိတ်ဆိုးတတ်တယ် ဖေဖေက စိတ်ဆိုးတတ်တယ် ပြောလို့မရဘူးဆိုရင် ကိုယ့်ဆီမှာ မပြောရင် တခြားလူဆီမှာ သွားပြောမှာပေါ့။ မဟုတ်ရင်လည်း သူတို့စိတ်ထဲမှာ သူတို့ မြိုထားမှာပေါ့။
ဘယ်လောက်မှ မြိုမထားနိုင်ပါဘူး တစ်ကြိမ်မဟုတ်ရင်တစ်ကြိမ် သူက manifest ဖြစ်မှာ ပေါက်ကွဲမှာ။ အဲဒါကြောင့်မို့လို့ ကိုယ်က တစ်ဖက်က #မိဘကလည်းဖြစ်သင့်တယ် တစ်ဖက်ကလည်း #သူငယ်ချင်းဖြစ်သင့်တယ်ပေါ့။
သူတို့ ပြောချင်တာတွေ ဖွင့်ပြောရဲအောင်။ ဒါက လွယ်တဲ့နည်းတော့ မရှိဘူး။ တစ်ဖက်ကလည်းပဲ ကလေးတွေက မိဘကိုရိုသေအောင် သူရဲ့ decent ရှိသလောက်လည်း ရှိရတာကိုး။ သူရဲ့ role နဲ့သူ ရှိရတာကိုး။
ဘုန်းဘုန်းတွေ့ခဲ့တဲ့ အထဲမှာပေါ့နော် မိဘတွေနဲ့ ပြောခဲ့ဆိုခဲ့တဲ့ နှစ်-၂၀လောက် ၂၀ကျော်အတွင်းမှာ perfect model ရှာမတွေ့သေးဘူး။ လူမျိုးပေါင်းစုံပဲ ဘုန်းဘုန်းပြောတာလေ။ ပေါင်းစုံ လေးငါမျိုးပေါ့နော် ရှာမတွေ့ဘူး။
ဒါကြောင့် အခုပြောပြီးတာ ဒေါသမဖြစ်ဖို့။ ဒေါသဖြစ်ပြီဆိုလည်း ကရုဏာ နဲ့ healing ကုစားမှု ပြန်လုပ်နိုင်တယ်ပေါ့။
ကိုယျက healing ဖွစျယုံတငျမကဘူး ကိုယျ့ကလေးတှေ စိတျထဲမှာဖွစျတဲ့
ဒေါသလညျးပဲ ကိုယျက ဝိုငျးပွီးတော့ healing လုပျပေးရမယျ။ ဥပမာ
"ဒါမြိုးတှဖွေစျတာ ကိစ်စမရှိဘူး။ ဖွစျတတျတယျ" ဆိုပွီးတော့လေ။
ဒီစာအုပ်လေး (The Whole-Brain Child : 12 Revolutionary Strategies to
Nature Your Child's Developing Mind) က ငယ်တဲ့ကလေးပေါ့နော်
တော်တော့ငယ်သေးတဲ့ကလေးပေါ့နော် အဲဒီကလေးတွေ သူတို့ရဲ့ trauma ကို healing
ဖြစ်အောင် ဝိုင်းလုပ်ပေးတဲ့ဟာ ကလေးထိန်း နန်နီ (nanny) တွေကိုလည်း သိအောင်
ဒီထဲမှာ သင်ပေးတယ်၊ ကျောင်းဆရာမတွေရော အမေရော။ ဒါ နယူးယောက်မှာ ၀ယ်ခဲ့တာ။နောက်တစ်ခုက ကိုယ့်သားသမီးရဲ့ positive point - ကေါင်းတဲ့အချက်တွေကို စနစ်တကျ acknowledge - အသိအမှတ်ပြု ခြင်း လုပ်ပေးပါ။ Acknowledge လုပ်တဲ့နေရာမှာ သူငယ်ချင်းတွေနဲ့ အချင်းချင်းတွေ့တဲ့နေရာမှာ ပီတိအရမ်းဖြစ်လွန်ပြီးတော့ အချင်းချင်းပြောတာမျိုး -
“ကျုပ်ရဲ့သမီးက ဘာ၊ ဘာရတယ်၊ သားက ဘယ်လိုတော်တယ်” အဲလို ပြောတာမျိုးကတော့ ဒါကတော့လည်း ရှိမှာပေါ့လေ။ မိဘရဲ့ ပီတိ။
သားသမီး သုံးယောက်က ဘုန်းဘုန်းဆီ complain လုပ်တယ် ဘာလို့တုန်းဆို သူတို့အဖေကတဲ့ လူတွေနဲ့တွေ့တိုင်းတွေ့တိုင်း ကျွန်တော်ရဲ့ သားသမီး သုံးယောက်စလုံး ဆရာဝန်ဖြစ်တယ်ဆိုပြီးတော့ အမြဲတမ်းပြောတယ်တဲ့။
“အဖေ အဲဒါပြောဖို့ မလိုပါဘူး ကျွန်တော်တို့က ဒီလောက် consultant တွေဖြစ်နေပြီ” ပေါ့နော် ရှက်လိုက် တာတဲ့။
ဘုန်းဘုန်းက ဆရာဝန်ဖြစ်နေပြီဖြစ်တဲ့ အဲဒီ ကလေးတွေကို ပြောတယ် " မိဘမှာ ဒီအခွင့်အအရေးလောက်တော့ ရှိရမှာပေါ့လို့။ သူတို့မှာ ရင်းနှီးမြှုပ်နှံထားရတာ - ဒီ emotion investment တွေ အကုန်လုံး- အများကြီး ရင်းနှီးထားရတာ"လို့ သားသမီးတွေပြန်ပြောပြတယ်။ "မင်းတို့ မိဘဖြစ်လာရင် ဒီတိုင်းပဲဖြစ်မှာ။ အဲဒါ မိဘတွေကို သွားပြီးတော့ အဲလို ပြောရတဲ့အခါကျေတာ့ သူတို့စိတ်ထဲမှာ ဒုက္ခမဖြစ်ဘူး အဲဒါလေးကို ကြည့်ပြီးတော့ ကိုယ်ကလည်း ဘေးကနေပြီးတော့ နားလည်ပေးပါ"လို့။
ဒါပေမဲ့ အရေးကြီးတာတစ်ခုကလေ ကိုယ့်သားသမီးနဲ့ တစ်ယောက်ချင်းထိုင်ပြီးတော့ သူတို့ရဲ့ positive ဖြစ်တာတွေ ကိုယ် acknowledge လုပ်ဖို့ ဒါ အရေးကြီးတယ်။
လူရှေ့သူရှေ့ကျမှ "သားသား သြကာသ ဆိုပြပါအုန်း" သြကာသဆိုပြပါအုန်းဆိုတော့ ရှိုးထုတ်သလိုဖြစ်နေတယ်ပေါ့။ ဟုတ်တယ်မို့လား။
အချင်းချင်း quailty time မိသားစု ဒီလိုရှိတဲ့အချိန်မှာ ကလေးက ငါးတန်းရောက်တယ်ဆိုရင် သမီး ဒီမှာကြည့် တစ်တန်းတုန်းက သမီးက ဘာလုပ်ခဲ့တယ်။ ဘယ်နေရာမှာ ဘာတွေ ကောင်းကောင်းလုပ်ခဲ့တယ် ဘာ achievement ရှိခဲ့တယ်။
တခါတခါ အဲလို အချိန်လေးတွေ ယူပြီးတော့ တစ်တန်းတုန်းက ဘာတွေ ကောင်းကောင်းလုပ်ခဲ့တယ် ဘယ်လို achievement တွေ ရခဲ့တယ်။ အဲလိုမျိုးပြောရင် ဒါ relationship - ဆက်ဆံရေး တမျိုးတည်ထောင်တာပဲ ကလေးနဲ့။
သူတို့ကို ယုံကြည်တယ် မိဘက သူတို့ကို ယုံကြည်တါဘပြသတေါ့လေ။ သူတို့ကိုယ်သူတို့ အဲဒီ concept ရထားတယ်။ အဲလို များများပြောရင် သူက subconscious mind - မသိစိတ်ထဲ ၀င်သွားတာ။
အဲလို ၀င်သွားတဲ့အခါမှာ ဆူစရာရှိလို့ ဆူတာတောင်မှ ကလေးက ခံနိုင်တယ်။ ဘာလို့တုန်းဆိုတော့ မိဘက သူတို့ကို ဂုဏ်ယူတယ်ဆိုတာ သူတို့ကသိလို့။
စိတ်ထဲမှာ ဂုဏ်ယူပြီးတော့ စိတ်ထဲမှာပဲချစ်ပြီး မပြောဖူးဆိုတာလေ ကလေးတွေကန်းတက်မှာစိုးလို့ မပြောဘူးဆိုတာ ရှိတတ်တယ်။ ဒါပေမဲ့ အခုပြောနေတဲ့ ဒီတစ်ခုက strategy - ဗျူဟာတစ်ခုအနေနဲ့ မိဘနဲ့သားသမီး relationship တည်ထောင်တာ။
သားက ဘယ်တုန်းက ဘယ်နေရာမှာ ဘယ်ဟာ လုပ်နိုင်တယ်။ အဲဒါ မေမေ အများကြီး ဂုဏ်ယူတယ် ဖေဖေ အများကြီး ဂုဏ်ယူတယ် ပြန်တွေးတိုင်းလည်း ပီတိဖြစ်တယ် ကျေနပ်တယ်။
ဒီလိုပြောရင် ကလေးက family - မိသားစုထဲမှာ သူ role - အခန်းကဏ္ဍတစ်ခု ရှိတယ်ဆိုတာ သူနားလည်သွားတယ်။ သူ responsible - တာဝန်သိစိတ် တာဝန်ယူစိတ်ထားချင်မှု ဖြစ်တယ်ပေါ့။ ဒီနေရာမှာ positive responsibility - အကေါင်းဘက် တာဝန်ယုမှုကို သူပေးတယ်။
negative ဖြစ်တဲ့အပြုအမူလုပ်ဖို့ ကြုံတိုင်း ငါ လုပ်မယ့်ဟာ အမေ ဂုဏ်ယူစရာဖြစ်သွားမလား အမေ ဂုဏ်ယူစရာ ဖြစ်သွားမလား သူတွေးမိနေမယ်။
ဒါကို positive reinforcement လို့ ခေါ်တယ်။ မိဘတွေ ဆုံးမတဲ့နေရာမှာ negative reinforcement ပဲ သွားလုပ်မိမှာစိုးလို့။
"ဘယ်တုန်းက သားသား ဘာလေးလုပ်တာ အဆင်မပြေဘူး၊ ဒါပေမဲ့ ကြိုးစာတာကို မာမီက ဂုဏ်ယူတယ်" ဥပမာ။
ဒါက positive thinking ဖြစ်အောင် လုပ်ပေးတာလေ။ ဘယ်နေရာလေးမှာ ဘာသွားလုပ်တာ အဲဒါ လုပ်ချင်တဲ့ဟာ မရခဲ့ဘူး မဖြစ်ခဲ့ဘူး ဒါပေမဲ့ ကြိုစားပြီးတော့ ပြင်ဆင်ပြီးတော့ သွားလုပ်ခဲ့တာ အဲဒါတော့ ဂုဏ်ယူတယ်ဆိုပြီးတော့ ပြောရင် သူက positive thinking ဖြစ်သွားတာ။
ဒီ #Emotion training တွေက #မိသားစုထဲမှာဖြစ်တာ၊ မိသားစုထဲမှာ အဓိကလုပ်ရတာ။
#ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ဒေါက်တာဓမ္မသာမိ
ပြဿနာ နှင့် ပညာဆက်နွယ်ပုံ (Dhamma Workshop for Mums) (၃၀.၆.၂၀၁၉) အမေးအဖြေကဏ္ဍမှ

No comments:
Post a Comment