ထားထိုက်သောသံယောဇဉ်
သံယောဇဉ်ဟူသည်မှာ မိမိ ကိန်းဝပ်ရာ သတ္တဝါကို ၃၁ ဘုံမှ မလွတ်နိုင်အောင် ချည်နှောင်တတ်သော တရားများဖြစ်၏။ ထို့ကြောင့် သံယောဇဉ်ကို ကြိုးနှင့် ဥပမာပြ၍ ဆိုကြပါသည်။ ထိုသံယောဇဉ်ကြိုး များသည် ကာမဘုံက ချည်နှောင်သော ကြိုးငါးချောင်း၊ ဗြဟ္မာ့ဘုံက ချည်နှောင်သော ကြိုးငါးချောင်း အားလုံးပေါင်း ၁ဝ ချောင်းဖြစ်ပါသည်။ ကာမဘုံက ချည်နှောင်သော ကြိုးများတွင် ချစ်ခြင်းနှင့် မုန်းခြင်းတို့လည်း ကြိုးများအဖြစ် ပါဝင်၏။ ဗြဟ္မာ့ဘုံက ချည်နှောင်သော ကြိုးများတွင်မူ မုန်းတီးခြင်း ဒေါသကြိုးမရှိချေ။
သံယောဇဉ်ကြိုးများတွင် အကျိုးမဲ့ကို ပြုတတ်သော ကြိုးသည် အဆိုး ဖြစ်၍
အကျိုးစီးပွားကို ပြုတတ်သောကြိုးသည် အကောင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့သည်
သမုဒ္ဒရာရေပြင်ကျယ်၌ လက်ပစ်ကူးရင်း လက်ပန်းကျနေသူ များသဖွယ် ဖြစ်ကြပါ၏။
ကျွန်ုပ်တို့ထံ မျောလာသော ခွေးသေကောင်ပုပ် ကို မြတ်နိုးစရာအဖြစ်
မတွယ်တာသင့်သော်လည်း ကမ်းသို့ရောက် နိုင်ရန် အမှီသဟဲအဖြစ်
တွယ်တာရမည်ဖြစ်ပါသည်၊ ခွေးသေကောင်ပုပ်ကို မှီတွယ်ရင်း ကမ်းသို့ကူးရမည်
ဖြစ်ပါသည်။
ကျွန်ုပ်တို့သည် လောကသားများဖြစ်ကြသည့်အလျောက် တစ်ဦးတည်း အထီးကျန်နေ၍မရ၊ အသင်းအပင်း အအုပ်အစုဖြင့်သာ နေကြရ မည်ဖြစ်ပါ သည်။ မြို့ရွာတည်ထောင်၍ နေရမည်ဖြစ်ပါသည်။ ထိုသို့ နေသောအခါ မိမိတို့အပေါင်းအသင်း များအပေါ်၊ မိမိတို့မြို့ရွာအပေါ် သံယောဇဉ်ထား ရပါမည်၊ သို့ရာတွင် ထိုသံယောဇဉ်ကို မိမိအတွက် သိမ်းပိုက်ခံစားရန်အလို့ငှာ အသုံးမပြုဘဲ လောကအတွက် အကျိုးပြုရန်၊ လောက၌ တရားဓမ္မ လွှမ်းမိုး ရန်၊ သံသရာမှ လွတ်မြောက်ရန် အလို့ငှာ အသုံးပြုရပါမည်။ ထိုသို့ အသုံးပြုရန်အတွက်ထားသော သံယောဇဉ်သည် ကောင်းသော သံယောဇဉ်၊ ထားထိုက်သော သံယောဇဉ် (သေဝိတဗ္ဗသံယောဇဉ်) ဟု ကျမ်းဂန်များ၌ ဆိုပါသည်။
#ဆရာကြီးဦးရွှေအောင်
၁၉၉၈-ဖေဖော်ဝါရီထုတ်- အတ္တဝါဒမှ အနတ္တဝါဒသို့ ခရီးစဉ်..မှ

No comments:
Post a Comment