Thursday, October 17, 2019

ပါရမီဟူသည်

 

ပါရမီဟူသည်


အလုပ်လုပ်ရာ၌ ငါ့အတွက် သက်သက်ဟု ရည်ရွယ်လျှင် ပါရမီ မဟုတ်တော့၊ လောကအတွက် သူတစ်ပါးအတွက်ပါလျှင် ပါရမီဖြစ်၏။ ပါရမီဟူသည် တူရူသာကွဲ၏၊ လုပ်ငန်းချင်းကားမကွဲ၊ လောက အတွက်ဆိုသည် နှင့် တစ်ပြိုင်နက် မိမိအတွက် တပ်မက်ခြင်း'လောဘ' ကို အလိုလို ပယ် စွန့်ပြီးသားဖြစ်၏။ ယင်းကိုပင် 'နိက္ခမပါရမီ' ဟူ၍ ဆိုရ၏။ နိက္ခမပါရမီ သဘောသက် ဝင်လာလျှင် သာယာဖွယ်ဟူသမျှကို စွန့်နိုင်၏။ ရဲရင့်လာ၏။ ထိုအခါ 'ခန္တီပါရမီ' သဘော သက်ဝင်လာ၏။ ထိုအခါ မည်သည့်ဘေးရန်ကိုမျှ မကြောက်တော့၊ မြှောက်၍လည်း မမြောက်၊ ခြောက်၍လည်း မကြောက်၊ မိမိကျရာတာဝန်အတိုင်း တရားသဖြင့် ဆောင်ရွက်သွားမည်သာဖြစ်၏။ ရရှိနိုင်မည့်အကျိုးကျေးဇူးကိုလည်း မကြည့်၊ ကျရောက်မည့်ပြစ်ဒဏ်ကိုလည်း မကြည့်၊ တရားသဖြင့်ဖြစ်ရေးကိုသာ ကြည့်၏။ ဤသည်မှာ 'ဥပေက္ခာ' ပါရမီ သဘောဖြစ်၏။
ထိုပါရမီသုံးမျိုး ပေါ်ထွန်းလာသည်နှင့် တစ်ပြိုင်နက် ကျန်သော ပါရမီများသည် လွယ်လင့်တကူ ပြည့်စုံလာလေ၏။ ထိုကဲ့သို့ ပါရမီများ ပြည့်စုံလာခြင်းကိုပင် အရိယာမျိုးစေ့ကို စိုက်ပျိုးသည်မည်၏။ အရိယာ အဖြစ်ဟူသည် မိမိစိုက်ပျိုးခဲ့သော အရိယာမျိုးစေ့၏ အသီးပင်တည်း။

#ဆရာကြီးဦးရွှေအောင်
၁၉၉၁-စက်တင်ဘာထုတ် ဓမ္မပဒ-ယမကဝဂ်မှ

No comments:

Post a Comment