Sunday, October 20, 2019

ကလေးမျိုး လူကြီးမျိုး

 

ကလေးမျိုး လူကြီးမျိုး


❑ အကြင်နိုင်ငံမြို့ရွာတို့၌ ကလေးမျိုးထွန်းကား၏၊
ငယ်ရွယ်စဉ်အခါ၌ ထမင်းစားဖို့ကိုသာ လုပ်တတ်ကြကုန်၍ လောကဓမ္မဗဟုသုတ မလေ့ ကျက်ကြ ကုန်သော သူတို့သည် ကလေးမျိုးဖြစ်၍ ကိုင်းပင်ပေါက်၊ ကျူပင်ပေါက်၊ ဝါးပင်ပေါက်တို့နှင့် တူကုန်၏။ ထိုနိုင်ငံမြို့ရွာတို့၌ ကပ်ကြီးသုံးပါး ပေါ်ပေါက် ကျရောက်ခဲ့သော် ခြောက်သွေ့သော ကိုင်းတော၊ ကျူတော၊ မြက်တော၊ ဝါးတောတို့၌ မီးကျသကဲ့သို့ ဖြစ်တတ်၏။
❑ အကြင်နိုင်ငံမြို့ရွာတို့၌ ငယ်ရွယ်စဉ်အခါ၌ လောကဓမ္မဗဟု သုတ ဆည်းပူးလေ့ရှိကြကုန်သော လူကလေး လူကြီးတို့သည် ကျွန်းပင်ပေါက် ကလေးတို့နှင့် တူကုန်၏။ နောင်၌ လူကြီးကြီးဖြစ်ကြကုန် လတ္တံ့၊ ထိုလူကြီးကြီး တို့သည် ကျွန်းပင်ကြီးကြီးတို့နှင့် တူကြကုန်၏။
ထို နိုင်ငံမြို့ရွာတို့၌ ကပ်ကြီး သုံးပါး ပေါ်ပေါက်ကျရောက်ခဲ့သော်
အနှစ်ရှိသော သစ်ပင်တောတို့၌ မီးကျ သကဲ့သို့ ဖြစ်တတ်၏။
လယ်တီဆရာတော်ဘုရားကြီး
၂ဝဝ၁ ဒီဇင်ဘာထုတ် ရောဂန္တရ ဒီပနီ
#သုဝဏ္ဏသျှမ် #လယ်တီဆရာတော်ဘုရားကြီး #ဓမ္မဒါန

No comments:

Post a Comment