ဒုက္ခကို ဒုက္ခလို့ မမြင်ရင် မှားယွင်းတဲ့အမြင်
မေး။ ။ ဒေါသဖြေတဲ့နည်းနဲ့ ပတ်သတ်ပြီးတော့ တပည့်တော့်က ဒေါသဖြစ်လာပြီဆိုရင် တပည့်တော်က သူ့စိတ်ဓာတ်နဲ့ လုပ်တာပဲ သူ့ဉာဏ်ရှိသလောက် သူလုပ်နေတာပဲဆိုပြီးတော့ တပည့်တော်ဒေါသဖြေလေ့ရှိပါတယ်။ အဲဒီလို ဒေါသဖြေတာ ချက်ချင်းမထိရောက်ဘူး ဘုရား။ အဲတော့ အဲဒီလို ဒေါသဖြေမယ်ရင်တောင် တပည့်တော်က သူများကို လွှမ်းမိုးနေသလို ဖြစ်နေပါသလား။ အဲလိုလွှမ်းမိုးနေသလိုဖြစ်ရင် ကရုဏာနယ်ပယ်ဘက် ပြန်ရောက်အောင် ဘယ်လိုစိတ်ထားရပါမလဲ ဘုရား။
ဖြေ။ ။ အရေးကြီးတာ ဘုန်းဘုန်း အချိန်ပေးပြီးတော့ မရှင်းလင်းခဲ့တာကတော့...ကရုဏာဖြစ်အောင်ဆိုရင် ဒုက္ခကို Focus လုပ်ရတယ်။ ဒုက္ခကို ခံစားပေးရတယ်။ ဒုက္ခရှောင်ပြေးလို့ မရဘူး။ ဒုက္ခနေရာတိုင်းမှာ ရှိတယ်။ ဒုက္ခကို embrace လုပ်နိုင်တဲ့ပုဂ္ဂိုလ်ကျမှ သူက တည်တည်ငြိမ်ငြိမ်နဲ့ embrace လုပ်နိုင်တဲ့ ပုဂ္ဂိုလ်ကျမှ ကရုဏာ ဖြစ်တာတဲ့။
လူတစ်ယောက်က ဒေါသဖြစ်နေတယ်ဆိုရင် ကိုယ်နဲ့ ပတ်သတ်ပြီးတော့ ဒေါသဖြစ်တယ်။ ဒုက္ခနဲ့ပတ်သတ်ပြီးတော့ သူ့အကြောင်းတွေးလိုက် သူ့ဒေါသကိုမြင်လိုက်။
ဒါ ဘယ်လိုမြင်ရမှာတုန်းဆိုတော့ ဒီလူ ဒေါသနှိပ်စက်တာ ခံနေရတယ်။ ဒေါသကပေးတဲ့ ဒုက္ခ သူ့မှာ ခံယူနေရတယ်။ ဒေါသအကျင့်က ပေးတဲ့ ဒုက္ခ သူခံနေရတယ်။
အဲဒီလို ဒုက္ခနဲ့ ဒေါသနဲ့ တွဲပြီးတော့ ကြည့်လိုက်။ ဒုက္ခကို ဒေါသလို့ မြင်လိုက်ရင် သူ့အပေါ်မှာ ကရုဏာ ချက်ချင်းဖြစ်ပါတယ်။ အဲလို မဟုတ်ရင် ဒီကောင် ငါ့ကို ဒီလိုစောင်းပြောတယ်ဆိုပြီးတော့ ငါ ဖြစ်သွားတာပေါ့။
သူ့ ဒေါသထဲမှာ ကိုယ်က ငါ ထည့်လိုက်တာ။ အဲ့ ဒေါသကို ဒုက္ခလို့ မမြင်လိုက်ဘူး။ ဒုက္ခကို ဒုက္ခလို့ မမြင်ရင် အဲဒါကို deceptive view တဲ့ မှားယွင်းတဲ့အမြင်တဲ့ “သညာဝိပ္ပလ္လာသ” တဲ့ စာက အဲလိုမြင်တယ်။
ဒါကြောင့် ဒုက္ခကို ဒုက္ခလို့ မြင်လိုက်တာနဲ့ အမြင်မှန်သွားတာနဲ့ ကရုဏာဖြစ်ခွင့် အများကြီးရှိပါတယ်။
#ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်ဒေါက်တာဓမ္မသာမိ
credit #အောက်စဖိုဒ့်ဆရာတော် ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ
- သူသူငါငါ လျှော့တွက်ကြတဲ့ ကရုဏာစွမ်းရည် The underestimated value of compassion (၁၁.၇.၂၀၁၉) ( မန္တလေးနည်းပညာတက္ကသိုလ်) တရားတော်မှ

No comments:
Post a Comment