Thursday, October 17, 2019

လက်ဆင့်ကမ်းတယ်ဆိုတာ



လက်ဆင့်ကမ်းတယ်ဆိုတာ

“လက်ဆင့်ကမ်းတယ်”ဆိုတာ သင်ယူ,ပို့ချခြင်းသာ။ သင်ယူ,ပို့ချခြင်းဖြင့်သာ လက်ဆင့်ကမ်းလို့ရတယ်။ တခြားနည်းနဲ့ လက်ဆင့်ကမ်းလို့ မရဘူး။
ပုဂ္ဂိုလ်နဲ့ လက်ဆင့်ကမ်းရတယ်၊ စာအုပ်နဲ့ လက်ဆင့်ကမ်းလို့ မရဘူး။ အကယ်၍ တဆင့်ပြီးတဆင့် စာအုပ်တွေသာ ပေးထားခဲ့ရင် မဖတ်တတ်တာနဲ့ နောက်ဆုံးမှာ သာသနာဟာ ပျောက်ကွယ်သွားနိုင်တယ်ပေါ့။
မသင်တာနဲ့ မသိတာနဲ့ ဒီသာသနာဟာ စာအုပ်ပင်ရှိလင့်ကစား ပျောက်ကွယ်ပြီးတော့ သွားတယ်လို့ ဒီလိုပဲ ဆိုရမယ်။ ဒါကြောင့်မို့ သာသနာကွယ်ဖို့ဆိုတာ လွယ်လွယ်လေးရယ်။

ပါချုပ်ဆရာတော်ကြီး

No comments:

Post a Comment