Thursday, October 17, 2019

ဖလံကောင်မီးဆင်း မီးသင်းနှင့်ပျော်

 

ဖလံကောင်မီးဆင်း မီးသင်းနှင့်ပျော်


ဘဝဟူသည် မသိသူတို့၏ ပျော်ရာ စားကျက်တည်း။
ဒုက္ခဟူသည် မမြင်သူတို့၏ လှော်ရာ လှေတက်တည်း။
သိသူ မြင်သူတို့သည်ကား ပျော်ပိုက်၍ မရနိုင်ကြပြီ။
ဒုက္ခကို ဒုက္ခဟူ၍ အထင်ရှိနေသူများသည်လည်းကောင်း၊
ဒုက္ခကို သုခဟု အထင်ရှိနေသူများသည်လည်းကောင်း၊
ထမင်းစား လျှာဖျားတွင် လမ်းဆုံးကြတော့ရာ အစာကြောင့်ဖြစ်သော ဗိုက်နာ၊
ဗိုက်အောင့်မှု ဘာကြောင့်ဟု မသိတတ်နိုင်ကြပြီ။
အစာပုပ်သိုးရာမှဖြစ်သော အနံ့အသက်ဆိုးဝါးမှု ဘာကြောင့်ဟူ၍ မသိတတ်နိုင်ကြပြီ။
အဘယ်ကြောင့်ဆိုသော် အသိကား အငြိနောက်ပါသွားပြီ
ဖြစ်သောကြောင့်တည်း။
#မဟာဗောဓိမြိုင်ဆရာတော်

No comments:

Post a Comment