Thursday, October 17, 2019

သီလပျက်သူနဲ့ မပျက်သူ ခြားနားချက်



 သီလပျက်သူနဲ့ မပျက်သူ ခြားနားချက်
●——————————————
၁။ ကိုယ့်ကျင့်ပျက်သူ အခုလည်း မကောင်း
အခုမှမကောင်း နောင်လည်း မကောင်း
ကိုယ်ကျင့်မပျက်သူ အခုလည်းကောင်း
အခုကောင်းလျှင် နောင်လည်းကောင်း။
၂။ ကိုယ်ကျင့်ပျက်သူ ကိုယ်ကျိုးလည်းပျက်၊
ကိုယ်ကျိုးတောင်ပျက်မှ သူကျိုးလည်း ပျက်၊
ကိုယ်ကျင့်မပျက်သူ ကိုယ်ကျိုးလည်းရှိ
ကိုယ်ကျိုးရှိမှတော့ သူ့အကျိုးဖြည့်ပေးဖို့ မခဲယဉ်း။
၃။ ကိုယ်ကျင့်ပျက်သူ ကိုယ်လည်းဆင်းရဲ
ကိုယ်ဆင်းရဲမှတော့ သူ ဆင်းရဲမှာ သေချာပြီ၊
ကိုယ်ကျင့်မပျက်သူ ကိုယ်လည်းချမ်းသာ
ကိုယ်ချမ်းသာလျှင် သူ့ပါကူညီဖို့ မခဲယဉ်း ...။
#မဟာဗောဓိမြိုင်ဆရာတော်
[အညွှန်း။ ။ ၁၉၉၇ သြဂုတ်လထုတ် မဂ္ဂင်္ဂံပပ္ဖေါဋေသိကထာ စာ ၁၂၉]

No comments:

Post a Comment