Thursday, October 17, 2019

သမ္မာအာဇီဝ



သမ္မာအာဇီဝ
●——————
✿ သမ္မာအာဇီဝဆိုတာ အခုပြောတဲ့ ဝစီဒုစရိုက်(၄)ပါး၊
ကာယဒုစရိုက်(၃)ပါး ပေါင်းလိုက်တဲ့အခါ ဒီ ဒုစရိုက်(၇)ပါးနဲ့ အသက်မမွေးဘူး။

✿ ဆိုလိုတာက သူများအသက်သတ်ပြီး အသက်မမွေးဘူး။
သူများဥစ္စာခိုးပြီးတော့ အသက်မမွေးဘူး။
သူတစ်ပါး သားမယား စော်ကားပြီး
အသက်မွေးဝမ်းကြောင်း မလုပ်ဘူး။
လိမ်လည်လှည့်ဖျားပြီးတော့ အသက်မွေးဝမ်းကြောင်း မလုပ်ဘူး။
ကုန်းတိုက်ပြီးတော့ အသက်မွေးဝမ်းကြောင်းမလုပ်ဘူး။
ကြမ်းတမ်းစွာ ဆဲရေးတဲ့စကားကို ပြောပြီးတော့ အသက်မွေးဝမ်းကြောင်းမလုပ်ဘူး။
အကျိုးမရှိတဲ့စကားကို ပြောပြီး အသက်မွေးဝမ်းကြောင်းမလုပ်ဘူး။


✿ တခြားနည်းတဲ့ စင်စင်ကြယ်ကြယ် အသက်မွေးဝမ်းကြောင်းလုပ်တယ်ဆိုရင် ဒါ သမ္မာအာဇီဝဖြစ်တယ်။

#ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာနန္ဒမာလာဘိဝံသ
#'အားကိုးခြင်း'အကြောင်းတရားဒေသနာတော် မှ

No comments:

Post a Comment