မင်္ဂလာအနှစ်ချုပ် မင်္ဂလာကွင်းဆက်များ
၁။ ကြီးပွားရေးထူထောင်တော့မယ်ဆိုရင်
ဦးစွာ - လူမိုက်ကိုရှောင်ကြဉ်ရပါမယ်။
ဦးစွာ - လူမိုက်ကိုရှောင်ကြဉ်ရပါမယ်။
လူမိုက်ရဲ့ လက်ထဲမှာ -
● အရက်သောက်စားပျော်ပါးခြင်းဖြင့်ကြီးပွားနှုန်းကို ဟန့်တားခြင်း၊
● မ'လိုက်စားခြင်းဖြင့် ကြီးပွားနှုန်းပျက်ပြားစေခြင်း၊
● လောင်းကစားဖြင့် ကြီးပွားနှုန်းပျက်ပြားစေခြင်း၊
● ပျင်းရိခြင်းဖြင့် ကြီးပွားနှုန်းကို ပိတ်ပင်တားဆီးခြင်း၊ လေးမျိုးရှိနေတတ်ပါတယ်။
● အရက်သောက်စားပျော်ပါးခြင်းဖြင့်ကြီးပွားနှုန်းကို ဟန့်တားခြင်း၊
● မ'လိုက်စားခြင်းဖြင့် ကြီးပွားနှုန်းပျက်ပြားစေခြင်း၊
● လောင်းကစားဖြင့် ကြီးပွားနှုန်းပျက်ပြားစေခြင်း၊
● ပျင်းရိခြင်းဖြင့် ကြီးပွားနှုန်းကို ပိတ်ပင်တားဆီးခြင်း၊ လေးမျိုးရှိနေတတ်ပါတယ်။
လူမိုက်ကို ရှောင်တာ ဒီလေးမျိုးရှောင်တာနဲ့အတူတူပါပဲ။
၂။ လူမိုက်ကိုတော့ ရှောင်ပြီးပါပြီ။ အိမ်မှာ ငုတ်တုတ် ထိုင်နေရုံမျှဖြင့်
မကြီးပွားမတိုးတက်နိုင်သေးပါ။ မိမိလုပ်ကွက်နဲ့သက်ဆိုင်တဲ့ ပညာရှင်ကို
ဆည်းကပ်နည်းယူရပါလိမ့်ဦးမယ်။
ဆည်းကပ်နည်းယူရပါလိမ့်ဦးမယ်။
၃။ ပညာရှင်ထံ ဆည်းကပ်သင်ကြားပြီးပြန်တော့လည်း ပညာရှင်ရဲ့ကျေးဇူး
တုံ့ဆပ်ဖို့လိုပါသေးတယ်။ မိမိကို ပညာသင်ပေးနည်းပေးလမ်းပြ လုပ်နေရတာနဲ့
ပညာရှင်မှာ ဝမ်းစာရှာချိန်လည်း မရတော့၊ တန်ဖိုးရှိတဲ့အချိန်တွေလည်း
ကုန်ဆုံးမျှ ဝေလိုက်ရပြီမို့ မိမိမှ ကျေးဇူးသိတတ်သောအား ဖြင့် ပူဇော်သင့်ရာ
ပူဇော်ပါ။
၄/၅။ ဆရာ့ထံမှနည်းပညာတွေ လက်ကုန်ရခဲ့ပါပြီ၊ သို့သော်စီးပွားမဖြစ်သေးပါ။
ပညာဟာ စီးပွားမဟုတ်ပါ၊ စီးပွားဟာလည်း ပညာနှင့် မကင်းပါ။
စီးပွားနှင့်ပညာကြား
ဝီရိယက လက်ကူလိုက်ပေးရပါမယ်။
ဝီရိယက လက်ကူလိုက်ပေးရပါမယ်။
● မကောင်းမှုမှာ ဝီရိယကြီးလေ ဆင်းရဲလေ။
● ကောင်းမှာတော့ ဝီရိယကြီးလေ ချမ်းသာလေ။
● ကောင်းမှာတော့ ဝီရိယကြီးလေ ချမ်းသာလေ။
ပြီးတော့ ပညာနဲ့ အသုံးတည့်မယ်နေရာကိုလည်း ရွေးချယ်ပါ။
မိမိရဲ့ပြုခဲ့ဖူးသော ရှေးဒါနထုပ် မြှုပ်နှံရာလည်း ဖြစ်ပါစေ၊ သို့မှသာ
အလုပ်အံဝင်ပြီး လုပ်ရာမှာ အကူအညီတွေ့ရစေမှာပါ။
၆။ နေရာကောင်း အကွက်မှန်တော့ ပေါ်နေပြီ။ အ လုပ်၌
ကိုယ်တိုင်ဦးမစီးဘဲမျက်နှာလွှဲခဲပစ်ဖြစ်စေ၊ ကိုယ့်အင်အား သတ္တိများ၌ဖြစ်စေ
အယုံနည်းပြီး အရဲလိုနေလျှင် စီးပွားမတက်နိုင်တော့ပါ။
● မယုံရဲလေသူတစ်ယောက်၊ ပညာနည်းလေသူတစ်ယောက် ဘယ်သောကာလမှ မထွန်းတောက်စေနိုင်။
ကိုယ့်ကိုမှ မယုံလျှင် ဘယ်သူကမှ မယုံကြည်နိုင်တော့ပါ။ အများက မယုံကြည်လျှင် ကြီးပွားအောင်မြင်ရေး လမ်းလွဲတော့မည်သာ။
၇။ ကိုယ့်ကိုယ်ကိုယ် မြတ်စိတ်မွေးပြီး ကိုယ့်သတ္တိ
ကိုယ်ယုံကြည်ပြီပဲထားဦး၊မျက်စိနှင့်နား ဖွင့် မထားက ခေတ်ရေးစီးကြောင်းမှ
တိမ်းစောင်း သွားပါလိမ့် မယ်။ အကြားအမြင် ဗဟုသုတ မစုံလင်ရင်လည်း
ကြီးပွားနှုန်း ဆုတ်ယုတ်တတ်ပါတယ်။
၈။ ဗဟုသုတတွေ ဘယ်လောက်ရရ၊ သည်ဗဟုသု တ နည်းပညာတွေကို ကျွမ်းကျွမ်းကျင်ကျင် အ
သုံးမချတတ်လျှင်(ဝါ)နည်းပညာကို လက်တွေ့ တတ်မြောက်အောင်
မစွမ်းဆောင်နိုင်လျှင် ကြီး ပွားရေးလမ်းလွဲမည်ပင်၊ ဒါကြောင့်
ကြီးပွားလိုပါက အတတ်ပညာသော့ချက်ကို ရအောင်ယူ။
၉။ နည်းပညာအတတ်ပညာတွေ တတ်ပြီပဲထား၊
အကျင့်မကောင်းလျှင် မကြီးပွားနိုင်ပါ။ သင်ပေးသူ၏အတတ်ဖြင့် သင်ပေးသူကို စီးပွားရေးဘက်မပြိုင်သင့်ပါ။
မိမိ၏ ထမင်းရှင်ဖောက်သည်များအပေါ် ရိုးဂုဏ်ကိုဖျက်၍ မရိုးသားသောဆက်ဆံမှုများ မပြုသင့်ပါ။
အကျင့်မကောင်းလျှင် မကြီးပွားနိုင်ပါ။ သင်ပေးသူ၏အတတ်ဖြင့် သင်ပေးသူကို စီးပွားရေးဘက်မပြိုင်သင့်ပါ။
မိမိ၏ ထမင်းရှင်ဖောက်သည်များအပေါ် ရိုးဂုဏ်ကိုဖျက်၍ မရိုးသားသောဆက်ဆံမှုများ မပြုသင့်ပါ။
၁ဝ။ကိုယ်ကျင့်ကောင်းပြီးနောက် နှုတ်ကျင့်ပါ ကောင်းမွန်အောင် စကာားကောင်း စကားမှန်ကိုပြောတတ်ဖို့ လိုအပ်ဦးမှာပါ။
၁၁။'ကြီးပွားလိုလျှင် ချို၊ မီးပွားလိုလျှင် ငို' ဆိုစ ကားအတိုင်း စကားကောင်း စကားမှန်ကို ချိုချိုသာသာ ပြောတတ်ပါစေ။
၁၂။ ဤသို့ဖြင့်ကြီးပွားခဲ့ပြီဆိုပါတော့၊ မိမိစီးပွား မီးပွားပေးလိုက်သည့်
မိဘနှစ်ပါး၏ ကျေးဇူးကို အထူးသိတတ်ပေးဆပ် လုပ်ကျွေးနိုင်ပါမှ ကြီးပွားနှုန်း
ပို၍ တိုးတက်ပါလိမ့်မည်။
၁၃။ မိဘကျေးဇူးသကဲ့သို့ အတူနေစီးပွားဘက်သား မယားမိသားစုကိုလည်း
ထိုက်သင့်သလို ချီး မြှောက်လုပ်ကျွေးပါမှ စီးပွားတက်မည်ကိုလည်းသတိပြု။
၁၄။ မိသားစုကို လုပ်ကျွေးထောက်ပံ့ရာ၌ ရှုပ်ထွေးသော အမူအကျင့်များကို
ရှောင်ပါ။ ထကြွနိုး ကြားခြင်း၊ အသက်မွေးမှုမှန်ကန်ခြင်း၊ မိတ်
ကောင်းထားရှိခြင်းများဖြင့် လမ်းမှန်ကမ်းမှန် ကြီးပွားတိုးတက်ပါစေ။
၁၅။ သန့်သန့်ရှင်းရှင်း ကြီးပွားခြင်းသို့ ရောက်လျှင်
ဒါနပြုဖို့ သတိရပါ။ ဒါနပြုခြင်းသည်
လက်ရှိ ကြီးပွားရေး ခိုင်မာစေရန်နှင့် နောင်သံသရာအ တွက် စေတနာအရှိန်ဖြင့် ရိက္ခာထုပ်စုဆောင်း နေခြင်းပါ။
ဒါနပြုဖို့ သတိရပါ။ ဒါနပြုခြင်းသည်
လက်ရှိ ကြီးပွားရေး ခိုင်မာစေရန်နှင့် နောင်သံသရာအ တွက် စေတနာအရှိန်ဖြင့် ရိက္ခာထုပ်စုဆောင်း နေခြင်းပါ။
၁၆။ အလှူပေးသော်လည်း အလုပ်လုပ်ရာ၌ မတရား ကျင့်တွေပါနေက မကြီးပွားနိုင်ပါ။
မီးစတစ်ဖက် ရေမှုတ်တစ်ဖက်မဖြစ်ရအောင် မတရား ကျင့်တွေဖယ်ရှား၊
တရားကျင့်ဖြင့်သာ ကြီးပွားစေရပါမည်။
၁၇။ ဆွေမျိုးမိတ်သင်္ဂဟတို့အပေါ် ဝတ္တရားမကျေက
ကြီးပွားနှုန်းရှေ့မတက်နိုင်ပါ။ ဆွေမျိုးမိတ်သင်္ဂဟတို့မည်သည်
ရှေးကဒါနတစ်ခုပြုစဉ်က အတူပါ ဝင်လာကြသော ရေစက်ဆုံဘက်များပါ။ ယခု ဘဝမှာလည်း
မိမိကောင်းကျိုးကို အစဉ်အားပေး နေသူတွေပါ။ သူတို့ရဲ့မေတ္တာဖြင့် မိမိရဲ့
ကြီးပွား ရေး မြင့်မားစေရန် ဆွေမျိုးမိတ်သင်္ဂဟတို့ကိုလည်း
ချီးမြှောက်ထောက်ပံ့ပါ။
၁၈။ အပြစ်မကင်းသော အလုပ်မျိုးလုပ်မိပါက
● ဥပဒေက တားမြစ်ထားသော အလုပ်များမလုပ်ရပါ။
● အများစိတ်ဆင်းရဲစေမည့်အလုပ်များ မလုပ်ရပါ။
● သံသရာပြစ်အနေ ဖြင့် ကံငါးပါးဖျက်၍ စီးပွားမရှာအပ်ပါ။
● ဥပဒေက တားမြစ်ထားသော အလုပ်များမလုပ်ရပါ။
● အများစိတ်ဆင်းရဲစေမည့်အလုပ်များ မလုပ်ရပါ။
● သံသရာပြစ်အနေ ဖြင့် ကံငါးပါးဖျက်၍ စီးပွားမရှာအပ်ပါ။
၁၉။ ဒုစရိုက် ထူပြောသောနေရာဌာနများကို ရှောင်ပါ မှလည်း
အပြစ်ကင်းကင်းကြီးပွားပါမည်။ နိဗ္ဗာန် ဆော်ကြီး သားသတ်ရုံသွားပါက
အကဲ့ရဲ့မလွတ်တတ်သကဲ့သို့ ကြီးပွားလိုသူ ဒုစရိုက်ကြား အနေမှားက
အထင်မှားခံရတတ်ပါသည်။
၂ဝ။ မကောင်းမှုဒုစရိုက်ကို အဝေးက ရှောင်နိုင်ရုံနှင့် မပြီး၊
အနီးကပ်ဒဏ်ခံနိုင်ရည်ရှိမှ ကြီးပွားပါမည်။ ငွေနှင့်ဖျက်ဖျက်၊
ကာမနှင့်ဖျက်ဖျက် ကိုယ့်စိတ် ကို မထိန်းသိမ်းနိုင်လျှင် ရပြီးဂုဏ်
အကုန်ပျက်ပါမည်။
၂၁။ အတွေ့ရှောင်ရာတွင် အရက်သေစာနှင့် မူးယစ်ဆေးတို့ကို ရှောင်နိုင်ပါမှ
ကြီးပွားပါမည်။ အရက်သေစာဟူသည် ဒုစရိုက်အားလုံး၏ အမိန့်ပေး
ဘုရင်တစ်ဆူဖြစ်သောကြောင့် အထူးရှောင်လေမှ ကြီးပွားရာသည်။
၂၂။ သတိလက်လွတ် အသိတရားများ ယွင်းချွတ် နေပါက မကြီးပွား မတိုးတက်နိုင်ပါ။
လောကကြောင်း၊ ဓမ္မကြောင်း ကောင်းကောင်းသိစေမည့် သတိကြီးဖို့ လိုဦးမှာပါ။
၂၃။ မိမိထက် ဂုဏ်၊ အသက်၊ ရင့်ကျက်သူ၊ ရိုသေ ထိုက်သူတို့ကို အရိုအသေပေး၍ မိမိရှေးရေး တိုးတက်ကောင်းမွန်အောင် ဆောင်ရဦးမှာပါ။
၂၄။ ရိုသေခြင်းနှင့်အတူ မိမိကိုယ်ကို အထင်ကြီးမြတ် နိုးခြင်းဟူသော
ယုတ်ညံ့သော မာန်မာနကိုပါ ချိုးနှိမ်ထားပါမှ ကြီးပွားတိုးတက်နိုင်ပါသည်။
၂၅။ အယုတ်မာန်ကို ချိုးနှိမ်ရန် ရောင့်ရဲမှု လိုအပ်ပါသည်။
မရောင့်ရဲနိုင်ပါက ငါစွဲနှင့် တဏှာစွဲ အားကြီးပြီး ကြီးပွားရေး
နှောင့်နှေးစေမည် မုချဖြစ်ပါသည်။
၂၆။ သူ့ကျေးဇူးမသိက ငြူစူမှု မကင်းနိုင်ပါ။ ငြူစူ ဆူပူနေလျှင် ကြီးပွားရေး
နှောင့်နှေးစေပါမည်။ ထို့ကြောင့် ကျေးဇူးရှိသူကို
ကျေးဇူးသိခြင်းဖြင့်ငြူစူကင်းရှင်း ကြီးပွားခြင်းသို့ ရောက်ပါစေ။
၂၇။ သူတော်ကောင်းစကား မနာကြားရဘဲနှင့်လည်း ကျေးဇူးဂုဏ်အကုန်မသိနိုင်ပါ။
သူတော်ကောင်း ဓာတ် မိမိသို့ ကပ်စေပြီး သူ့ကျေးဇူးကို သိအောင်
ကြိုးစားမှသာလျှင် ကြီးပွားအောင်မြင်ပါမည်။
၂၈။ စရိုက်မတူလျှင် အကြိုက်မတူနိုင်ပါ။ အကြိုက် မတူတာတစ်ခုတည်းဖြင့်
သူ့ကျေးဇူးရှိပါလျက် မထေမဲ့မြင် ပြုတတ်ပါသည်။ သူ့ကျေးဇူး အထူး
ပေါ်လွင်အောင် အရာရာသည်းခံနိုင်ပါမှ ကြီးပွားအောင်မြင်ပါမည်။
၂၉။ သည်းခံခြင်းနှင့်အတူ ဆုံးမရလွယ်ကူသူ (ဝါ) တစ်ဖက်ပညာရှိစကား နားထောင်တတ်သူ ဖြစ်ပါမှ ကြီးပွားတိုးတက်ပါမည်။
၃ဝ။ ဆိုလွယ်စကား ရှိပြီပဲထား၊ ကိလေသာကင်းစင်သော ရဟန်းမြတ်တို့ကို
ကျောပေးနေက မိမိရှိ မာနနှင့်တကွသော ကိလေသာတို့ အခြေမယိုင် နိုင်ပါ။
ကိလေသာထူပြောသူ
ဘယ်မှာ ကြီးပွားအောင်မြင်နိုင်ပါမည်နည်း။
ဘယ်မှာ ကြီးပွားအောင်မြင်နိုင်ပါမည်နည်း။
၃၁။ ရဟန်းမြတ် ဖူးတွေ့ရပြီပဲထား၊ တရားဆွေးနွေး (လျှောက်ထား)ခြင်း မပြုက
မကြီးပွား မတိုးတက်နိုင်ပါ။ တရားသာလျှင် ကြီးပွားအောင်မြင်ခြင်း၏
လမ်းမှန်ဖြစ်သောကြောင့်တည်း။
၃၂။ တရားဆွေးနွေးပြီးနောက် ခြိုးခြံချွေတာရေးအကျင့်ကို ကျင့်ဆောင်ပါမှ
ကြီးပွားပါမည်။ ခြိုးခြံခြင်းသည် နှမြောခြင်းမဟုတ်ပါ။ ကိလေသာ မပွားအောင်
တားဆီးခြင်းသာပါ။
၃၃။ ခြိုးခြံနိုင်သည်ပဲထား၊ မေထုန်အကျင့်မရှောင်နိုင်က
မြတ်သောစီးပွားမဆောင်ကြဉ်းနိုင်ပါ။ မေထုန်ဟူသည့် အကျင့်ယုတ်ဖြစ်သောကြောင့်
အကျင့်မြတ်ဖြင့် ကြီးပွားရေးကို မပေးစွမ်းနိုင်သောကြောင့်ပါတည်း။
၃၄။ မေထုန်ရှောင်ရုံမျှဖြင့်လည်း သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးဆင့်
မြင့်မလာနိုင်သေးပါ။ သိက္ခာသုံးပါး၏ ဦးစီးခေါင်းဆောင်ဖြစ်သော သတိဖြင့်
စေ့စပ်၊ စူးစိုက်၍ ရှုကြည့်နိုင်မှသာလျှင် ဘဝဒုက္ခ၊ ကာမဒုက္ခတို့ကို
သိမြင်နိုင်၍ သံသရာစီးပွားအထိ ဖြစ်ထွန်းစေနိုင်ပါလိမ့်မည်။
ဖြစ်ပျက်ချုပ်ငြိမ်းခြင်းကို သိပိုင်သူသာလျှင် ကြီး ပွားအောင်မြင်သူအစစ်
ဖြစ်ပါတော့သည်။
၃၅။ ထိုသို့အောင်မြင်သူအစစ်သည်သာ မည်သည့် လောကဓံနှင့် တွေ့တွေ့ ဆွေ့ဆွေ့ခုန် တုန်လှုပ်ခြင်း မရှိနိုင်တော့ပါပြီ။
၃၆။ သေရမည်ကိုလည်း မကြောက်၊ နေရမည်ကိုလည်း မကြောက်တော့ပါပြီ။
၃၇။ သူ့ကိုလည်း မချစ်၊ ကိုယ့်ကိုယ်ကိုယ်လည်း မနှစ်သက်တော့ပါပြီ။
၃၈။ သူ့ကြောင့်ဖြစ်သော ဘေး၊ ကိုယ့်ကြောင့်ဖြစ်သော ဘေးမျိုးလည်း မရှိတော့ပါပြီ။
#မဟာဗောဓိမြိုင်ဆရာတော်
မဂၤလာဓာရဏကထာ၊
မဂၤလာဓာရဏကထာ၊

No comments:
Post a Comment