Monday, October 21, 2019

မပျော်ရွှင်မှု ဘယ်ကနေလာလဲ

 

မပျော်ရွှင်မှု ဘယ်ကနေလာလဲ


Happiness ဆိုတဲ့စာအုပ် “စိတ်ဘယ်လိုပျော်ရွှင်အောင်လုပ်မှာလဲ” - Matthieu Ricard ဆိုတာ France လူမျိုး ဘုန်းကြီးဝတ်ထားတာ Cellular Biology နဲ့ PhD ရထားတယ်။ ဒီစာအုပ်က Europe Times ရဲ့ best seller . အိမ်သစ်တက်ဖို့အတွက် ဘုန်းဘုန်း ဒီစာအုပ်ပြမယ်။
Chaper-15 က A Sociology of Happiness တဲ့။ အဲဒီထဲမှာ စာမျက်နှာ-၁၇၁ မှာ ဘုန်းဘုန်း ဖြတ်ပြမယ်။ သူက လန်ဒန် စီးပွားရေးတက္ကသိုလ်ရဲ့ ပါမောက္ခကြီးတစ်ယောက်ကို ကိုးကားထားတယ် Richard Layard ဆိုတာ -
As Richard Layard, “We have more food, more clothes, more cars, bigger houses, more central heating, more foreign holidays, a shorter working week, nice work, and, above all, better health.”
အရင်ထက်စာရင် သူတို့ရဲ့ ဒီထဲမှာ compare လုပ်ထားတဲ့ statistics အရဆိုရင် 1949 ကနေ အမေရိကန်မှာဆိုရင် average GDP က inflation ကိုတွက်ကြည့်ပြီးတော့ အဲဒါကို ထည့်တွက်ကြည့်ပြီး နှစ်ဆတိုးတယ် တစ်ဦးချင်းရဲ့ GDP.
ဒါပေမဲ့ လူတွေပိုပြီး ပျော်ရွှင်လားဆိုရင် သူတို့ထားတဲ့ statistics အရဆိုရင် Happy က မဖြစ်ယုံတင်မကဘူး နည်းနည်းလေးတောင်ကျတယ် နည်းနည်းလေးကျတယ် statistic အဲတော့ -
One of the main sources of people's discontent comes from comparing themselves with others in their family, at their workplace, and among their acquaintances.
မပျော်ရွှင်မူတစ်ခုကတော့ ဘယ်ကနေလာတာတုန်းဆိုတော့ #နှိုင်းယှဉ်မှု မိသားစုအတွင်းမှာ၊ အခု သုခတို့ တစ်ယောက်တည်းဆိုတော့ နှိုင်းယှဉ်စရာလူ မရှိဘူး။ မောင်နှမနှစ်ယောက်ရှိတယ်ဆိုရင် မေမေက အကြီးတစ်ယောက်ကို ပိုချစ်တယ်၊ အငယ်တစ်ယောက်ကို ပိုချစ်တယ် siblings မှာ အဲဒါတွေရှိတယ်။
နောက်ပြီးတော့ at workplace အလုပ်မှာ ဘယ်သူကျတော့ဖြင့် ဘော့စ်က မျက်နှာသာပေးတယ် ဘယ်သူကျတော့ဖြင့် ငါ့ကျတော့ ဒီလို အဲဒါမျိုးတွေ။ နောက် among their acquaintances မိတ်တွေ သူငယ်ချင်း ဆွေမျိုးတွေထဲမှာ ဒီလိုပဲ ပြိုင်တယ်။
Dinner သွားတယ်ဆိုရင် ဘယ်လိုဝတ်တယ်၊ ဘာလိုနာရီပတ်တယ်၊ ဘယ်လိုကားစီးတယ် အဲဒါမျိုးတွေ ပြိုင်ကြတာ။ မင်္ဂလာဆောင်သွားတယ်ဆိုရင် ဘယ်လိုအဝတ်အစား ဝတ်မှာလဲ စိန်နားကပ်က ဘယ်လောက်တန်တယ် ဒီလို ဆွဲကြိုးတွေက ဘယ်လောက်တန်တယ် အဲဒါမျိုးတွေ လူတွေက ပြိုင်ကြတယ်။
ပြိုင်တဲ့အခါကျတာ့ ပြိုင်တာကို ပါဠိလို “မာန” လို့ခေါ်တယ်။ မာန ဆိုတဲ့ စကားလုံးက ပြိုင်တယ်လို့ အဓိပ္ပါယ်ရတယ် အချင်းချင်းပြိုင်တယ်။ ပြိုင်ဆိုင်မှုဆိုတဲ့ အိမ်ထဲမှာနေနေရင် You will never feel in home. Home မဖြစ်နိုင်ဘူး၊ House ပဲဖြစ်မှာ။
ဒီ House ထဲကနေ ကိုယ်မထွက်နိုင်ဘူး။ ဘာလို့တုန်းဆိုတော့ ငါ့ အိမ် ဆိုပြီး ကိုယ်က သတ်မှတ်ထားတာလေ။ ငါ့အိမ်ဆိုပြီး သတ်မှတ်ထားတဲ့အခါကျတော့ ဘယ်သူပဲလာထိထိ ကိုယ်စိတ်ထိခိုက်တယ် ဒေါသဖြစ်တယ်။
ကိုယ်စီးတဲ့ကားကို လူတစ်ယောက်က ကိုယ်အမြဲတန်း ဒီလို နှိုင်းယှဉ်တဲ့အကျင့်ရှိနေရင် ကိုယ်စီးတဲ့ကားကို လူတစ်ယောက်က လာပြီးတော့ ခင်ဗျားတို့ကားက ၂၀၁၀ model ဖြစ်နေတယ် အဲလို လာပြောတာနဲ့ စိတ်ထဲမှာလေ ချက်ချင်းဒေါသဖြစ်တယ်။ မကျေနပ်တဲ့စိတ် ဖြစ်သွားတယ်။
ဘာဖြစ်လို့ ဖြစ်တာတုန်း ကိုယ်က #မာနဆိုတဲ့ အိမ်ထဲကနေ အဲဒီစကားကို နားထောင်လို့။ အဲဒီ သူပြောတဲ့စကားကို မာနဆိုတဲ့ အိမ်ထဲကနေပြီးတော့ House ထဲကနေ နားမထောင်ဘဲ တခြားလွတ်လပ်တဲ့ နေရာကနေ နားထောင်တယ်ဆိုရင် It does not effect လေ။ ဒါတွေဟာ Emotion quality တွေ။
ပြောမယ်ဆိုရင်တော့ “မာန” တွေ၊ “အတ္တ” တွေ၊ စွဲလန်းမှုတွေ။ မာနတွေ အတ္တတွေက စိတ်ကို စွဲလန်းစေတယ်။ ကိုယ်အမြင်ကပ်တဲ့ လူတစ်ယောက်ကို ဘယ်တော့မှ မမေ့ဘူး။ အဲဒါမျိုးတွေဖြစ်တယ် စွဲလန်းစေတယ်။ ဘာဖြစ်လို့စွဲလန်းတာတုန်း -
❝မာနကို ဒုက္ခလို့ မသိလို့၊ ဒုက္ခလို့ နားမလည်လို့။ ဒေါသကို ဒုက္ခလို့ နားမလည်လို့။❞
နားမလည်တာကို “အဝိဇ္ဇာ” လို့ခေါ်တယ်။ အဲလို နားမလည်လို့ အဲဒီ ဒေါသဖြစ်တဲ့အရာကိုပဲ ကိုယ်က တန်းတန်းစွဲနေတာ မာနဖြစ်တဲ့အရာ၊ မာနဖြစ်စေတဲ့အရာ အဲဒါကိုပဲ ကိုယ်က တန်းတန်းစွဲနေတာ။
#ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်ဒေါက်တာဓမ္မသာမိ
(၂၅.၁.၂၀၁၉) နေ့ အိမ်သစ်တက်မင်္ဂလာအလှူအနုမာဒနာ ‘Home and House’ တရားတော်မှ ကောက်နှုတ်ရေးသားပူဇော်ပါသည်။
Transcribed #ThazinHtike
Credit - https://www.facebook.com/OxfordSayardawDrDhammasami

No comments:

Post a Comment