အကြောင်းကြောင်းကြောင့်တရားစခန်းမရောက်ဖြစ်ရင်စာဖတ်ပါ
စာဖတ်တာက တရားထိုင်တာနဲ့ သဘောတရားချင်းတူတယ်။ ရည်ရွယ်ချက်တူလို့ပါ။
အဲဒီ ရည်ရွယ်ချက်ကတော့ မိမိကိုယ်ကို အားပေးတတ်ဖို့ပါပဲ။ ပတ်ဝန်းကျင်ရဲ့
ဖိစီးမှု၊ လောကဓံရဲ့ စိန်ခေါ်မှုတွေနဲ့ တွေ့ကြုံတဲ့အခါမှာ မိမိကိုယ်ကို
ပြန်ပြီးအားမပေးတတ်မပေးနိုင်သူဟာ နေ့စဉ်နှင့်အမျှရှိတတ်တဲ့ စိတ်ဒါဏ်ရာ
ဒါဏ်ချက်တွေကနေ အချိန်မီပြန်ပြီး နလံထူဖို့မဖြစ်နိုင်ပါဘူး။ စိတ်ဓာတ်ကျစရာ
သတင်းကြားရတဲ့အခါ ကိုယ့်ကိုယ်ကို မဆိုင်းမတွ အားပေးနိုင်သူသည်သာ
ခေါင်းဆောင်မှုစွမ်းရည် အမှန်တကယ်ရှိပါတယ်။
အဲဒီလိုမဟုတ်ရင် ပထမမုန်တိုင်း တိုက်တာနဲ့ လှေမှောက်မည့် ပုဂ္ဂိုလ်ဖြစ်သွားမယ်။
မိမိကိုယ်ကို အားပေးတတ်သူသည်သာ အတွေးအခေါ်ပိုင်းဆိုင်ရာမှာ လွပ်လပ်သူလို့
ယူဆနိုင်ပါမယ်။ လွပ်လပ်တဲ့ အတွေးအခေါ်ရယ် အဲဒီအတွေးအခေါ်က မိမိ သူတစ်ပါး
ပြဿနာကို ပြေလည်စေမှုရယ် ဒီအကြောင်းတရား နှစ်ကြောင်းနဲ့
ပြည့်စုံတဲ့အတွေးကသာ အမှန်တကယ် လွပ်လပ်တဲ့အတွေးအခေါ်လို့ ယူဆနိုင်တယ်။
အဲဒီစိတ်အစဉ်ရဲ့ အဆင့်ကို တရားထိုင်ခြင်း ဘာဝနာလုပ်ငန်းမှာ ဝိမုတ္တိ လို့ခေါ်တယ်။ Freedom of Thought ပါဘဲ။
တချို့က လွပ်လပ်ပေမဲ့ ပြဿနာ ပြေလည်စေတဲ့ အတွေးမျိုးမဟုတ်ဘူး။
ကိုယ့်ကိုယ်ကို အားပေးတတ်ဖို့ဆိုတာ worldview - လောကအမြင်မှန်ကန်မှပါ။ ပြဿနာကို စိတ်ဝင်စားသူ ပြဿနာကို ပြေလည်စေချင်သူဟာ လောကအမြင်မှန်သူပါပဲ။ မဇ္ဈိမပဋိပဒါ - အလယ်အလတ်လမ်းစဉ်ထဲက သမ္မာဒိဋ္ဌိ - right view ပါ။
ကိုယ့်ကိုယ်ကို အားပေးတတ်ဖို့ဆိုတာ worldview - လောကအမြင်မှန်ကန်မှပါ။ ပြဿနာကို စိတ်ဝင်စားသူ ပြဿနာကို ပြေလည်စေချင်သူဟာ လောကအမြင်မှန်သူပါပဲ။ မဇ္ဈိမပဋိပဒါ - အလယ်အလတ်လမ်းစဉ်ထဲက သမ္မာဒိဋ္ဌိ - right view ပါ။
လူတစ်ဦးရဲ့ တိုတောင်းတဲ့ဘဝအတွင်းမှာ မှန်ကန်တဲ့ လောကအမြင်ရှိဖို့၊
ကိုယ့်ကိုယ်ကို အားပေးတတ်ဖို့ဆိုတာ ကိုယ့်အားကိုပဲ အားကိုးပြီး
လေ့ကျင့်ရင်တော့ ဘဝမြောက်မြားစွာအချိန်ယူရပါတယ်။ ဒါပေမဲ့
နှစ်ပေါင်းထောင်ချီပြီး အတွေးအခေါ်ပညာရှင်များ၊ တရားရသူများက
ရေးထားတဲ့စာတွေ ဖတ်လျှင်တော့ ဘဝခရီးပိုပြီးတွင်တာပေါ့၊ မြန်ဆန်တာပေါ့၊
ပြီးတော့ စာဖတ်သူတွေ အတွေးအခေါ်တူစေလို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး Harmonious Living ကိုပါ အထောက်အကူ ပြုပါတယ်။
လူ့လောကအတွက် မရှိမဖြစ်တဲ့အရာတွေထဲမှာ စာအုပ်စာပေများက ထိပ်တန်းထဲမှာ ပါပါတယ်။
အောက်စဖို့ဒ်ဆရာတော်
၁၁-၄-၂၀၁၉ ရက်နေ့ စာပေလောက (လှည်းတန်း)တွင်ရေးသည်။
၁၁-၄-၂၀၁၉ ရက်နေ့ စာပေလောက (လှည်းတန်း)တွင်ရေးသည်။

No comments:
Post a Comment