အမြင်များလင်း ဆရာကောင်းဆီချဉ်းကပ်ဖေးမ စာတတ်အကျင့်ထပ်အလှ
ဇနာ ဧကင်္ဂဒဿိနော- တစ်စိတ်တစ်ဒေသကိုမြင်တဲ့ လူတွေဟာ ငြင်းနေကြတယ်၊ အကုန်လုံးကို မြင်လို့ရှိရင် ငြင်းစရာအကြောင်း မရှိဘူး။ ဒါကြောင့်မို့ စာတတ်တဲ့ ပုဂ္ဂိုလ် စာသင်ထားတဲ့ ပုဂ္ဂိုလ်ဟာ အားလုံးခြုံငုံပြီးတော့ အကုန်လုံးပြောနိုင်တယ်။ ဘယ်ဟာပဲဖြစ်ဖြစ် ခွင့်လွှတ်နိုင်တယ်။အဲဒါကြောင့် "ကမ္မဋ္ဌာန်းဆရာ" လို့ ဆိုတဲ့နေရာမှာ နံပါတ်(၁)က မြတ်စွာဘုရား၊ နံပါတ်(၂)ကျတော့ မိမိကိုယ်တိုင် ပိဋကတ်သုံးပုံတတ်ပြီး တရားထူးတရားမြတ်ရထားတဲ့ ရှင်သာရိပုတ္တရာတို့လို ပညာဉာဏ်ကြီးတဲ့ ပုဂ္ဂိုလ်မျိုး၊ နောက်ဆုံးကျ ဘာပြောတုန်းဆိုတော့ မြတ်စွာဘုရားဟောထားတဲ့ သုတ္တန်တွေကို အမိအရ နှုတ်ငုံဆောင်ထားတဲ့ ဗဟုသုတရှိတဲ့ ပုဂ္ဂိုလ်ကို ကမ္မဋ္ဌာန်းဆရာလို့ ဒီလိုပြောတာ။
အဲဒီတော့ တစ်ချို့ကလည်း စာတတ်တဲ့လူကို အပုပ်ချချင်တော့
ဘယ်လိုပြောလဲဆိုရင် ပေါဋ္ဌိလရဟန်းကို မြတ်စွာဘုရားက "တုစ္ဆ" လို့
ခေါ်တယ်ဆိုတဲ့စကားကို သုံးပြီးတော့ စာတတ်ရုံနဲ့ မပြီးဘူး၊ မြတ်စွာဘုရားက
မကြိုက်ဘူးလို့ ဒီလို အဓိပ္ပာယ်မျိုးနဲ့ ပြောကြတယ်။
အမှန်တကယ် နားလည်ဖို့ရာက မြတ်စွာဘုရားက ပေါဋ္ဌိလရဟန်းကို တုစ္ဆလို့ ခေါ်တာဟာ စာတတ်တာကို ရှုတ်ချတာမဟုတ်ဘူး။ လုပ်သင့် လုပ်ထိုက်ရဲ့သားနဲ့ မလုပ်ဘဲနေလို့၊ ကျင့်ရမယ့်တရားကို မကျင့်ဘဲနေလို့ ကျင့်အောင်လို့ နာအောင်ပြောတဲ့စကား၊ အဲဒါကို သဘောပေါက်ဖို့ လိုတယ်ပေါ့။
တချို့က သဘောမပေါက်တဲ့အခါ စာတတ်လို့ ဘုရားက ရှုတ်ချတာလို့ ဆိုတဲ့ အဓိပ္ပာယ်ယူတယ်၊ ယူတဲ့အခါ ပရိယတ်ကို ပယ်သလို ဖြစ်သွားပြန်တယ်၊ ဒီလို မဟုတ်ပါဘူးတဲ့။
မြတ်စွာဘုရားကိုယ်တိုင်ကိုက ရဟန်းတော်တွေရဲ့ အရည်အချင်းကို ဖော်ပြတဲ့အခါမှာ
နံပါတ်(၁) သီလရှိရမယ်၊ နံပါတ်(၂) ဗဟုသုတရှိရမယ်။ ဗဟုသုတဆိုတာ စာတတ်ရမယ်လို့ပြောတာ၊ တရားဓမ္မတွေကို များစွာကြားနာလို့ အနက်အဓိပ္ပာယ် ဆင်ခြင်စဉ်းစားလို့ အသိဉာဏ်နဲ့ ထိုးထွင်းသိတဲ့ လူမျိုးမှ ဗဟုသုတရှိသူလို့ ဒီလိုခေါ်တာကိုးဒ
ဆိုလိုတာက စာလည်းတတ်ရမယ်၊ တရားဓမ္မလည်း ကျင့်ကြံကြိုးကုတ် အားထုတ်ရမယ်၊ ဒီလို ပုဂ္ဂိုလ်မျိုးကို ဆိုလိုတာနော်။
🌿အဲဒီတော့ စာတတ်လို့ တရားအားထုတ်လို့ မရဘူး၊ စာခံနေတယ် ဆိုတာမျိုးက မမှန်ကန်တဲ့ အဓိပ္ပာယ်နဲ့ ပြောကြတာပဲ ဖြစ်တယ်ပေါ့။🌿
၀က္ကလိကို ပြောတာလိုပဲ၊ မြတ်စွာဘုရားက ၀က္ကလိကို "ကိံ တေ ၀က္ကလိ ဣမိနာ ပူတိကာယေန ဒိဋ္ဌေန" ဟောဒီ ခန္ဓာကိုယ် အပုပ်ကောင်ကို ကြည့်ခြင်းဖြင့် ဘာအကျိုးရှိမှာလဲ လို့ ပြောတာ။
တချို့ကလည်း အဲဒီစကားကို ယူပြီးတော့ မြတ်စွာဘုရားက ဘုရားဖူးစရာမလိုဘူး လို့ ပြောတဲ့ ပုဂ္ဂိုလ်က ရှိသေးတယ်၊ ဒီလိုဆိုလိုတာမဟုတ်ဘူး။
၀က္ကလိက မြတ်စွာဘုရားရဲ့ ရုပ်ဆင်းအင်္ဂါအပေါ်မှာတင် လမ်းဆုံးနေတယ်။ တရားကျင့်ဖို့ သူစိတ်မ၀င်စားဘူး။ မြတ်စွာဘုရားရဲ့ ချောမောသပ္ပါယ် လှမျိုးကြွယ်တဲ့ ရုပ်အဆင်းကိုသာ ကြည့်ပြီးတော့ သူ့စိတ်ထဲမှာ တဏှာ ရာဂတွေ ဖြစ်နေလို့ မြတ်စွာဘုရားက မှတ်လောက်သားလောက်အောင် “ကိံ တေ ၀က္ကလိ ဣမိနာ ပူတိကာယေန ဒိဋ္ဌေန-ဒီအပုပ်ကောင်ကြီးကြည့်လို့ ဘာအကျိုး ရှိမှာလဲ၊ ယော ဓမ္မံ ပဿတိ၊ သော မံ ပဿတိ -ဓမ္မကိုမြင်မှ ငါ့ မြင်တော့မှာပေါ့" လို့ ဒီလို ဆုံးမတာလေ။
ဒါတွေက မြတ်စွာဘုရားမှာ သန္ဓာယဘာသိတ လို့ ခေါ်တဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ ပြောတဲ့စကား၊ နေရာတကာ ယူပြီးတော့ ဘုရားက သူ့ဖူးတာမကြိုက်ဘူး ဆိုပြီး ဘုရားဖူးစရာမလိုဘူး လို့ ယူဆရင်တော့ မှားပြီပေါ့။
အေး ဒါကြောင့်မို့ စာတတ်ဖို့ အင်မတန်မှ အရေးကြီးလို့ ယထာဘူတံ ဉာဏာယ သတ္ထာ ပရိယေသိတဗ္ဗော-အမှန်သိဖို့အတွက် ဆုံးမနိုင်တဲ့ ဆရာမျိုးကို ရှာပါလို့။
🙏ပါချုပ်ဆရာတော်ကြီး🙏
Crd - အရှင်ခေမိန္ဒ

No comments:
Post a Comment