ငါ့ရဲ့အူတွေအပြင်ထွက်ချင် ထွက်သွားစမ်းပါစေ၊
မအပ်စပ်တဲ့ပစ္စည်းကို ငါမသုံးဘူး
ရှင်သာရိပုတ္တရာမထေရ်နဲ့ အရှင်မောဂ္ဂလာန်မထေရ် တောရကျောင်းကလေးမှာ သီတင်းသုံးတယ်၊
အဲဒီလို သီတင်းသုံးနေတဲ့အချိန်မှာ ရှင်သာရိပုတ္တရာ လေနာရောဂါဖြစ်တယ်ပေါ့၊ ဗိုက်နာတယ်။
ရှင်မောဂ္ဂလာန်က ❝အရှင်ဘုရား၊ ဗိုက်နာတာ အရင်တုန်းက ဘာနဲ့ ပျောက်တုန်း❞ဆိုတော့
❝ပျားတို့ သကာတို့ ထောပတ်တို့နဲ့ ရောပြီးကျိုချက်ထားတဲ့ အာဟာရမျိုး အိမ်မှာနေတုန်းက မယ်တော်ကြီးက
လုပ်ကျွေးဖူးတယ်❞ ..တဲ့။ ❝အဲဒါလေးနဲ့ ပျောက်ဖူးတယ်❞တဲ့။ ဒါ နှစ်ပါးစကားပြောနေတာ။
အဲဒီလိုပြောတာကို အနီးအနားမှာ ရှိနေတဲ့ နတ်က ကြားသွားတယ်။ ရှင်သာရိပုတ္တရာကို ကိုးကွယ်တဲ့
ဒကာ၊ ဒကာမအိမ်ကို သွားပြီးတော့ ကလေးတစ်ယောက်ကို ဝင်ပူးတယ်။ နတ်ကတော်မေးတဲ့အခါမှာ သူဘာပြောလဲဆိုရင်
❝မနက်ကျ ရှင်သာရိပုတ္တရာကို အဲဒီအာဟာရမျိုးကပ်လို့ရှိရင် သူလွှတ်မယ်ပေါ့❞ဆိုတော့ အိမ်ရှင်တွေက ပြောတာပေါ့၊
❝တို့က ဒီရှင်သာရိပုတ္တရာရဲ့ ဒကာ၊ဒကာမတွေပဲ၊ တို့ကပ်နေကျပဲ၊ ဘာမှအပန်းကြီးတဲ့ကိစ္စမဟုတ်ဘူး❞လို့ပြောတယ်။

နောက်ရက်ကျတော့ ရှင်သာရိပုတ္တရာက မကျန်းမာလို့ ကျောင်းမှာပဲ နေရစ်တယ်၊
ရှင်မောဂ္ဂလာန်က ဆွမ်းခံရင်းအ ဲဒီအိမ်ကို ကြွသွားတယ်၊ အဲဒီအိမ်က ဒကာ၊ဒကာမတွေက အဆင်သင့် နတ်ပြောတဲ့အတိုင်း
အကုန်လုပ်ထားတယ်။ ရှင်မောဂ္ဂလာန်ကို ကပ်တယ်။ ရှင်မောဂ္ဂလာန်ကတော့ မစဉ်းစားဘူး၊ မစဉ်းစားရင် မသိဘူး၊
ကပ်တာဘုဉ်းပေးလိုက်တယ်ပေါ့။ ရှင်သာရိပုတ္တရာအတွင် ဒကာ ဒကာမတွေက ထည့်ပေးလိုက်တယ်။

ကျောင်းရောက်တဲ့အခါ ရှင်သာရိပုတ္တရာက ❝ငါပြောတဲ့အတိုင်းရနေပါလား၊ ဘယ်လိုရတာလဲ၊ သူ့သဘာဝအတိုင်း ရတာလား❞
လို့ စဉ်းစားကြည့်လိုက်တဲ့အခါ နတ်ရဲ့ပယောဂပါနေတာကို သိရတယ်။ ရှင်သာရိပုတ္တရာက တစ်ခွန်းတည်းပဲ ပြောလိုက်တယ်။
❝ငါ့ရှင် မောဂ္ဂလာန်၊ဒီအာဟာရ မစင်ကြယ်ဘူး၊ မစားထိုက်ဘူး❞တဲ့။

❝ဒီ နို့ဃာနာထမင်းဟာ မစားထိုက်ဘူး၊ မစင်ကြယ်ဘူး❞လို့ ဆိုတော့ ရှင်မောဂ္ဂလာန်ကလည်း မစင်ကြယ်ဘူးဆိုတော့ ဘာဖြစ်လို့တုန်း
လို့ မေးမနေဘူး၊ သပိတ်ကို ယူပြီးတော့ ချက်ချင်းသွားသွန်ပစ်လိုက်တာပဲ၊ အဲဒီသပိတ်ထဲက နို့ဃာတွေ သွန်ပစ်လိုက်တာနဲ့တစ်ပြိုင်နက်တည်း
ရှင်သာရိပုတ္တရာရဲ့ စွဲကပ်နေတဲ့ လေနာရောဂါလည်း ပျောက်သွားတယ်တဲ့။

အဲဒီမှာ ရှင်သာရိပုတ္တရာက ပြောတယ်။
❝ဗိုက်နာလို့ ငါ့ရဲ့အူတွေ အပြင်ထွက်ချင် ထွက်သွားစမ်းပါစေ၊ မအပ်စပ်တဲ့ပစ္စည်းကို ငါမသုံး❞တဲ့။

ဘုန်းကြီးတို့ အဲဒီလောက် မကျင့်နိုင်ရင်တောင်မှပဲ ဒီမထေရ်မြတ်ကြီးကျင့်တာကို အတုယူအားကျကြရမှာ၊
ဒါကြောင့်မို့ ဆွယ်တရားဟောလို့ ရလာတဲ့ဟာတွေဟာ ဘယ်အရာမှ ကောင်းတာမရှိဘူး၊ ဒါကြောင့်မို့
ဒါတွေကိုလည်း သတိပြုကြဖို့ကောင်းတယ်။

#ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ
ဟောသူနာသူစိတ်ထားဖြူ တရားတော်မှ
ဟောသူနာသူစိတ်ထားဖြူ တရားတော်မှ

No comments:
Post a Comment