Friday, October 18, 2019

အတူနေများကို ပြုံးဆေးသာဖော်ကျွေး မဲ့ဆေးကော်မပေးနှင့်

အတူနေများကို ပြုံးဆေးသာဖော်ကျွေး
 မဲ့ဆေးကော်မပေးနှင့်

❑ အတူနေများအဖို့ တစ်ဦးကြောင့် ဂုဏ်တက်သည်လည်းရှိ၊ ပျက်သည်လည်း ရှိတတ်ချေရာ
ဆရာကြောင့် တပည့်ဂုဏ်တက်သလို တပည့်ကြောင့်လည်း ဆရာဂုဏ်တက်သည်များ ရှိသေးသည်။

❑ သည့်အတူ  ..၊ မိဘနှင့် သားသမီး၊ မယားနှင့်လင် စသည်အတူနေများအားလုံးလည်း 
တစ်ဦးသည် တစ်ဦးကို အကြောင်းပြု၍ ဂုဏ် တက်/ပျက်နှစ်မျိုး ပူးတွဲနေချေရာ ...

❑ သင်၏ မကောင်းမမှန်သော ကြံစည်မှု၊ ပြောဆိုမှု၊ ပြုကျင့်မှု အမှားများကြောင့် အတူနေများ
သက်သက်မဲ့ အရှက်မကွဲစေသင့်။
သင်၏ ကောင်းမှန်သော ကြံစည်မှု၊ ပြောဆိုမှု၊ ပြုကျင့်မှု မှန်စေခြင်းဖြင့်သာ အတူနေများ ဂုဏ်မြင့်ဖွား၍
အင်အားတက်စေရာ၏။

#မဟာဗောဓိမြိုင်ဆရာတော်
၁၃၆၁ ပြည့်နှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ မောနေယျတောhttps://drive.google.com/uc?export=view&id=1JA2JacYUFln5uKVzJ9mGR59Pt0oUuTOP

No comments:

Post a Comment